ဇာတ်ကားများ ရွေးရန်

Jailbait

2014ဇာတ်ကားBlu-ray 1080p

* မိသားစုကြည့်ရန်မသင့်ပါ အသက် ၁၇ နှစ်အရွယ် Anna Nix ဟာ သူမကို ကာမပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ ကြိုးစားတဲ့ သူမရဲ့ ပထွေးဖြစ်သူကို ခုခံရင်း သတ်မိသွားပါတယ်။ ဒီပြစ်မှုကြောင့် သူမဟာ လူငယ်ပြုပြင်ရေးစခန်း (Juvenile Detention Center) ကို ပို့ဆောင်ခြင်း ခံရပါတယ်။ သူမရောက်သွားတဲ့နေရာဟာ နာမည်သာ "ပြုပြင်ရေးစခန်း" ဖြစ်ပြီး လက်တွေ့မှာတော့ အင်အားကြီးသူက အားနည်းသူကို နှိပ်စက်တဲ့ ငရဲခန်းတစ်ခုလို ဖြစ်နေပါတယ်။ ထောင်တွင်းက အကျဉ်းသူဟောင်းတွေရဲ့ အနိုင်ကျင့်မှုကို အလူးအလဲ ခံရပါတယ်။ ထောင်စောင့်တွေနဲ့ အာဏာရှိသူတွေက အကျဉ်းသူတွေကို ကာကွယ်ပေးဖို့ထက် ကိုယ်ကျိုးအတွက် အသုံးချဖို့ပဲ ကြိုးစားကြပါတယ်။အစပိုင်းမှာ နူးညံ့ပြီး ကြောက်ရွံ့နေတဲ့ Anna တစ်ယောက် အဲဒီပတ်ဝန်းကျင်မှာ ရှင်သန်နိုင်ဖို့အတွက် တဖြည်းဖြည်းနဲ့ ကြမ်းတမ်းလာရပါတယ်။ Anna ဟာ ထောင်တွင်းက လူမိုက်ဂိုဏ်းတွေကြားထဲမှာ ဗာဟီရဖြစ်ရင်းကနေ မိမိကိုယ်ကို ကာကွယ်ဖို့အတွက် နည်းလမ်းမျိုးစုံ သုံးလာရပါတယ်။ သူမဟာ သူငယ်ချင်းအချို့ ရလာသလိုပဲ၊ ပိုပြီး ကြောက်စရာကောင်းတဲ့ ရန်သူတွေနဲ့လည်း ရင်ဆိုင်ရပါတယ်။ Anna တစ်ယောက်‌ေထောင်ထဲမှာဘယ်လိုတွေရင်ဆိုင်ရပြီး သူရဲ့မတရားပြစ်မှုကနေလွတ်မြောက်နိင်မလားဆိုတာတော့..... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ye Myat ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း