Black Blood - Getih Ireng
ဒီဇာတ်ကားလေးကတော့ ၂၀၂၅ မှာ အသစ်ထွက်ရှိထားပြီး သွေးနက်ကျိန်စာဆိုတဲ့ စုန်းအတတ်ပြုစားခံရတဲ့မိသားစုအကြောင်းကို ဇာတ်လမ်းဆင်ရိုက်ကူးထားတဲ့ အင်ဒိုဟော်ရာကားလေး ဖြစ်ပါတယ်။ ဒီကျိန်စာနဲ့ ပြုစားခံရသူဟာ ကိုယ်ဝန်လွယ်တိုင်း သန္ဓေသားထိခိုက်ပြီး မျိုးဆက်တစ်လျှောက် ဒုက္ခဆင်းရဲကို ခံစားရတာပါ။ ဒီဇာတ်လမ်းထဲမှာတော့ ရီနာနဲ့ပရမ်တို့ ဇနီးမောင်နှံဟာ ကလေးအရမ်းလိုချင်ပေမယ့် ရလာတဲ့ကိုယ်ဝန်ဟာ ပယောဂနှိပ်စက်မှုဒဏ်ကြောင့် အဖတ်မတင်ခဲ့ပါဘူး။ ရီနာ့ကိုယ်ဝန်ပျက်ကျမှုဟာ ဘယ်လိုအကြောင်းရင်းကြောင့်လဲ...သူတို့မိသားစုကို ဘယ်သူက ကျိန်စာတိုက်ထားတာလဲ...သူတို့တွေ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာကို ထိတ်လန့်ဖွယ်ဇာတ်ဝင်ခန်းများစွာနဲ့အတူ ခံစားကြည့်ရှုရမယ့် အင်ဒိုဟော်ရာကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း