Red Family
ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်တွေကတော့ တောင်ကိုရီးယားမှာ အခြေချပြီး စုံစမ်းထောက်လှမ်းရေးလုပ်နေတဲ့ မြောက်ကိုရီးယား သူလျှို ၄ ယောက်ဖြစ်ပါတယ်။ သူတို့ ၄ ယောက်ဟာ အဘိုး၊ အဖေ၊ အမေ နဲ့ သမီး ဆိုပြီး အပြင်ပန်းမှာ အရမ်းကို သာယာနွေးထွေးတဲ့ စံပြမိသားစုလေးတစ်စုအဖြစ် ဟန်ဆောင်နေထိုင်ကြပါတယ်။ ဒါပေမဲ့ တံခါးပိတ်လိုက်တာနဲ့ အိမ်ထဲမှာ သူတို့ရဲ့ဆက်ဆံရေးက လုံးဝပြောင်းလဲသွားပါတယ်။ အသက်အရွယ်တွေနဲ့မဆိုင်တော့ဘဲ ရာထူးအဆင့်အတန်းအလိုက် အထက်အောက် စစ်တပ်ပုံစံ တင်းတင်းကျပ်ကျပ် နေထိုင်ကြပြီး အထက်ကပေးလာတဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကိုလည်း ရက်ရက်စက်စက် လုပ်ဆောင်ကြပါတယ်။ သူတို့ရဲ့ဘေးအိမ်မှာတော့ နေ့တိုင်းလိုလို ငွေရေးကြေးရေး၊ မိသားစုရေးတွေကြောင့် ရန်ဖြစ်ဆူညံနေတဲ့ တောင်ကိုရီးယား မိသားစုတစ်စုရှိပါတယ်။ သူလျှိုမိသားစုနဲ့ တကျက်ကျက်ရန်ဖြစ်တတ်တဲ့မိသားစု ၂စု ဘယ်လိုခရီးဆက်သွားကြမလဲ? သူတို့တွေ သူလျှိုမှန်း ဘေးအိမ်က သိသွားမလား... သူတို့ရဲ့ကံကြမ္မာကရော ဘာဆက်ဖြစ်မလဲ ဆိုတာရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းအောင် ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း