ဇာတ်ကားများ ရွေးရန်

Chatha Pacha

2026ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ နပန်းလောကရဲ့ အမွေအနှစ်ကို ဆက်ခံထားတဲ့ ညီအစ်ကိုတစ်စုရဲ့ ဘဝကြမ်းကြမ်းကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ အက်ရှင်ဒရာမာ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အတိတ်က ကိစ္စရပ်တွေကြောင့် ကွဲကွာသွားခဲ့ရတဲ့ သူတို့တွေဟာ နှစ်တွေကြာပြီးနောက်မှာ ပြန်လည်ဆုံစည်းလာကြပါတယ်။ သူတို့အပေါ် သတ်မှတ်ထားတဲ့ အလကားကောင်ဆိုတဲ့ နာမည်ဆိုးတွေကို ဖျက်ပစ်ဖို့နဲ့ ကျဆုံးသွားတဲ့ သူတို့ရဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့အတွက် ဆန်းသစ်တဲ့ ဝတ်စုံပြည့် နပန်းပြိုင်ပွဲကြီးတစ်ခုကို သူတို့ရဲ့မြို့လေးမှာ အသက်သွင်းဖို့ ကြိုးစားကြပုံတွေကို အမိုက်စား မြင်တွေ့ရမှာပါ။ ဒါပေမဲ့ သူတို့ရဲ့ ကြိုးပမ်းမှုက လွယ်ကူမနေပါဘူး။ အမွေအနှစ်နေရာကို လုယူချင်နေတဲ့ ရန်သူဟောင်းတွေရဲ့ အကောက်ကြံ ဖျက်ဆီးမှုတွေကို ရင်ဆိုင်ရမဲ့အပြင် ညီအစ်ကိုတွေကြားက ဖုံးကွယ်ထားတဲ့ အတိတ်က လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားတဲ့အခါ ပြဿနာတွေက ပိုကြီးလာပါတော့တယ်။ ကြိုးဝိုင်းအတွင်းက အသေအလဲ တိုက်ခိုက်ရတဲ့ အကြမ်းစား နပန်းပြကွက်တွေ၊ သွေးထွက်သံယို အက်ရှင်အခန်းတွေနဲ့အတူ ညီအစ်ကို သံယောဇဉ်ကိုပါ သေချာလေး ပုံဖော်ပေးထားလို့ ဇာတ်ရှိန်က တဖြည်းဖြည်း မြင့်တက်လာမှာပါ။ ပြိုကွဲလုနီးပါးဖြစ်နေတဲ့ သံယောဇဉ်တွေကို ပြန်ဆက်ပြီး ကြိုးဝိုင်းထဲက ရန်သူတွေကို ဘယ်လို အလဲထိုးသွားမလဲဆိုတာကို ဇာတ်သိမ်းအထိ ရင်တမမနဲ့ ကြည့်ရှုရမဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Clara Sol ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း