ဇာတ်ကားများ ရွေးရန်

Tales of the Monkey Mountain

2026ဇာတ်ကားအမှတ် 3/10Web-dl 1080p

အာဏာကို ရူးသွပ်နေတဲ့ မင်းသားတစ်ပါးဟာ လူသေတွေကို ပြန်နှိုးတဲ့ စုန်းအတတ်နဲ့ "ပုပ်သိုးသူများ" စစ်တပ်ကို ဖန်တီးပြီး တိုင်းပြည်ကို သွေးချောင်းစီးစေခဲ့ပါတယ်။ ဒီကပ်ဘေးကြီးကြားမှာ ကင်းလှည့်သားအဖြစ် ဘဝကို နှိမ့်ချနေထိုင်နေတဲ့ ရွှမ်းချန်တစ်ယောက် သူဟာ တစ်ချိန်က လုပ်ကြံခံရမှုကနေ လွတ်မြောက်ခဲ့တဲ့ မင်းသားအစစ်ဖြစ်မှန်း သိလိုက်ရတဲ့အခါ ဇာတ်လမ်းက အရှိန်မြင့်လာပါတော့တယ်။ သစ္စာရှိအမတ်ကြီးရဲ့သမီးကျင်းမော့နဲ့အတူ ရွှမ်းချန်တို့နှစ်ယောက်ဟာ တိုင်းပြည်ကို ကယ်တင်ဖို့ အသေခံတိုက်ပွဲဝင်ကြရပါတယ်။ သွေးဆာနေတဲ့ အသေကောင်စစ်တပ်ကြီးကို အမြစ်ပြတ်ချေမှုန်းဖို့ဆိုရင် ပုပ်သိုးနေတဲ့ မျောက်ကြီးရဲ့ ခန္ဓာကိုယ်ထဲက "မိခင်စုန်းပိုးကောင်" ကို ရှာဖွေပြီး သတ်ပစ်ဖို့ကလွဲလို့ တခြားနည်းလမ်းမရှိတော့တဲ့အခါမှာတော့... "တကယ်တော့ ပုပ်သိုးသူတွေထက် ကြောက်စရာကောင်းတာက လူတွေရဲ့ ယုတ်မာတဲ့ စိတ်ထားပဲ..." Action၊ Fantasy နဲ့ Drama အစုံအလင်ကိုမှ ခံစားချင်တဲ့ Movie Lover တွေအတွက်တော့ ဒီကားက လက်လွတ်မခံသင့်တဲ့ ကားပါပဲ ။ သူတို့နှစ်ယောက်ဟာ အင်အားချင်းမမျှတဲ့ ဒီစစ်ပွဲကို ဘယ်လိုဗျူဟာတွေနဲ့ တိုက်ခိုက်မလဲ နတ်စစ်သည်တွေကိုရော တကယ်ပဲ ခေါ်ယူနိုင်ပါ့မလားဆိုတာကိုတော့ M Sub Movie Channel မှာ အခုပဲ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုလိုက်ရအောင် အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Mike ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း