Hijacked
ဒီဇာတ်ကားလေးကတော့ ''Hijacked''လို့ အမည်ရတဲ့ ဗီယက်နမ် ရုပ်ရှင်ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ၁၉၇၀ ကျော်ကာလမှာ ဖြစ်ပွားခဲ့တဲ့ ဗီယက်နမ်လေယာဉ် ပြန်ပေးဆွဲမှု ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ် လေယာဉ်တစ်စီးကို လက်နက်ကိုင် ပြန်ပေးသမားတွေက ထိန်းချုပ်လိုက်တဲ့အခါ ခရီးသည်တွေရဲ့ အသက်ကို ကယ်တင်ဖို့ ကြိုးစားကြတဲ့ လေကြောင်းလုံခြုံရေးအရာရှိတွေ လေယာဉ်အမှုထမ်းတွေနဲ့ ခရီးသည်တွေရဲ့ အသည်းယားစရာ တိုက်ပွဲကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ခရီးသည် အယောက်၆၀ တင်ဆောင်လာတဲ့ လေယာဉ် အမှတ် ၅၀၁မှ ဝန်ထမ်းတွေဟာ ပြန်ပေးသမားလေးဦးရဲ့ လက်ထဲကနေ ၅၂မိနစ်ကြာ သတ္တိရှိရှိနဲ့ ကာကွယ်ခဲ့ကြပါတယ်။ လေယာဉ်မယ်တွေ လေယာဉ်မှူးတွေနဲ့ လေကြောင်းဆိုင်ရာ ဝန်ထမ်းတွေက သူတို့ဘယ်လိုမျိုး ပြန်ပေးသမားတွေ လက်ထဲကနေ ခရီးသည်တွေကို ကယ်တင်မလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Action ကြိုက်သူတွေအတွက်ရော ဖြစ်ရပ်မှန်သမိုင်းကြောင်းကို စိတ်ဝင်စားသူတွေအတွက်ပါ အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thandar Hlaing ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း