Stranger Eyes
"တစ်ခါတလေမှာ... လူစိမ်းတစ်ယောက်ရဲ့ အကြည့်တွေက ကိုယ့်အနီးကပ်ဆုံးလူထက် ပိုပြီး အမှန်တရားကို မြင်နေတတ်တယ်" စင်ကာပူဒါရိုက်တာ Yeo Siew Hua ရိုက်ကူးပြီး ၂၀၂၄ ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး Mystery/Thriller ကားတွေထဲက တစ်ကားဖြစ်တဲ့ "Stranger Eyes" ဟာ ပရိသတ်ကို ခပ်အေးအေးနဲ့ ရင်တထိတ်ထိတ်ဖြစ်စေမယ့် ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်း ငယ်ရွယ်တဲ့ ဇနီးမောင်နှံနှစ်ဦးရဲ့ ကလေးငယ်လေး ပန်းခြံထဲမှာ ပျောက်ဆုံးသွားရာကနေ ဇာတ်လမ်းက စတာပါ။ ရဲတွေ စုံစမ်းနေတုန်းမှာပဲ သူတို့ဆီကို ထူးဆန်းတဲ့ ဗီဒီယိုဖိုင်တွေ ရောက်လာပါတယ်။ အဲဒီဗီဒီယိုတွေထဲမှာ သူတို့ရဲ့ နေ့စဉ်ဘဝ လှုပ်ရှားမှုတွေကို တစ်ယောက်ယောက်က အမြဲတမ်း ချောင်းကြည့်ပြီး ရိုက်ကူးထားတာကို တွေ့လိုက်ရတဲ့အခါ... "ငါတို့ကလေးကို ဘယ်သူခေါ်သွားတာလဲ" ဆိုတဲ့ မေးခွန်းထက် "ငါတို့ကို ဘယ်သူက ဒီလောက်တောင် အနီးကပ် စောင့်ကြည့်နေတာလဲ" ဆိုတဲ့ အမှောင်ဖုံးနေတဲ့ အမှန်တရားကို လိုက်ရှာရင်း ရင်နင့်စရာ ကောင်းတဲ့ ဘဝသင်ခန်းစာတွေကို တွေ့လာရမှာပါ။ ခေတ်သစ်လူ့အဖွဲ့အစည်းမှာ ကျွန်တော်တို့အားလုံးဟာ CCTV တွေ၊ ဆိုရှယ်မီဒီယာတွေကြားမှာ "အကြည့်ခံနေရသူတွေ" ချည်းပါပဲ။ ဒီကားက "ငါတို့ တကယ်ကော လုံခြုံရဲ့လား" ဆိုတဲ့ မေးခွန်းကို ပါးပါးလေးနဲ့ နာနာလေး မေးသွားပါလိမ့်မယ်။ Mystery ကားကောင်းကောင်းမှ ကြည့်ချင်တယ်ဆိုတဲ့ M Sub ပရိသတ်တွေအတွက်တော့ ဒီကားက လက်မလွှတ်သင့်တဲ့ ကားတစ်ကားဖြစ်လို့ M Sub Movie Channel မှာ အခုပဲ မြန်မာစာတန်းထိုးနဲ့ ခံစားကြည့်လိုက်ပါ ဒီဇာတ်လမ်းကို အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Mike ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း