Once We Were Us
"ကမ္ဘာလောကကြီးက အဖြူအမည်းဖြစ်သွားရင်တောင်... မင်းနဲ့အတူတူ ထာဝရရှိနေချင်တာပါ" ဒီတစ်ခါ ပရိသတ်တွေကို တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ ဆိုးလ်မြို့ကြီးရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကြားက လူငယ်နှစ်ယောက်ရဲ့ လက်တွေ့ဆန်လွန်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ "Once We Are Us" ဆိုတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် ဒီကားလေးမှာဆိုရင်တော့ သရုပ်ဆောင်တွေအနေနဲ့ "ကိုယ်ပိုင်အိမ်လေးတစ်လုံး ပိုင်ဆိုင်ချင်တဲ့ကောင်မလေး" နေရာမှာ မင်းသမီးချောလေး (𝐇𝐲𝐮𝐧 𝐉𝐞𝐨𝐧𝐠-𝐰𝐨𝐧) နဲ့ "ဂိမ်းဖန်တီးရှင်ဖြစ်ချင်တဲ့ ကောင်လေး" နေရာမှာ မင်းသားချော (𝐋𝐞𝐞 𝐄𝐮𝐧-𝐡𝐨) တို့က အဓိကဇာတ်ဆောင်များအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း ဆိုးလ်မြို့ကြီးမှာ နေရောင်ခြည် လက်ဖဝါးစာလောက်ပဲရတဲ့ အဆောင်အခန်းကျဉ်းလေးကနေ ဘဝကိုစတင်ခဲ့ရတဲ့ အွန်းဟိုနဲ့ ဂျောင်ဝန်းတို့ဟာ ခက်ခဲကြမ်းတမ်းတဲ့ လောကကြီးထဲမှာ တစ်ယောက်ကိုတစ်ယောက် အားဖြည့်ရင်း အတူတူရုန်းကန်ခဲ့ကြပါတယ် ကံကောင်းချင်တော့ သူတို့နှစ်ယောက်အတွက် အချစ်က ခွန်အားတစ်ခုဖြစ်ခဲ့ပေမဲ့ လက်တွေ့ဘဝရဲ့ စားဝတ်နေရေး အခက်အခဲတွေက သူတို့ရှေ့မှာ ဆီးကြိုနေခဲ့ပါတယ် "ဆိုးလ်မြို့က ကွန်ကရစ်ကြမ်းပြင်လိုပဲ မာကျောပြီး အေးစက်တယ်... တိုးဝင်ပြီး အမြစ်တွယ်ဖို့အတွက်တော့ ခက်ခဲလွန်းတယ်" -----အွန်းဟို----- ဂျောင်ဝန်းတစ်ယောက် အွန်းဟိုရဲ့ အိပ်မက်တွေအတွက် ဘေးကနေ အားပေးကူညီရင်း မြေအောက်ခန်းလေးတစ်ခုဆီ ပြောင်းရွှေ့ခဲ့ကြပါတယ် အွန်းဟိုကလည်း သူဝါသနာပါတဲ့ ဂိမ်းဖန်တီးတဲ့အလုပ်ကို ဇွတ်လုပ်နေခဲ့ပေမဲ့ အောင်မြင်မှုက ချက်ချင်းရောက်မလာခဲ့ပါဘူး အချိန်တွေကြာလာတာနဲ့အမျှ ငွေကြေးအခက်အခဲတွေ အလုပ်အကိုင် မတည်ငြိမ်မှုတွေကြောင့် သူတို့နှစ်ယောက်ကြားက နားလည်မှုတွေ တဖြည်းဖြည်း လျော့နည်းလာခဲ့ပါတယ် တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ခဲ့ကြပေမဲ့ လက်တွေ့ဘဝရဲ့ ရိုက်ခတ်မှုတွေကြောင့် မကြာခဏ ရန်ဖြစ်လာကြတဲ့အခါ... အချစ်တစ်ခုတည်းနဲ့ ရှေ့ဆက်ဖို့ ခက်ခဲလာတဲ့ အွန်းဟိုနဲ့ ဂျောင်ဝန်းတို့ ဘယ်လိုရှေ့ဆက်ကြမလဲ..... "ငါ့အတွက် အနားယူရာ အိမ်လေးဖြစ်ပေးခဲ့လို့ တကယ် ကျေးဇူးတင်ပါတယ် အွန်းဟိုရေ" -----ဂျောင်ဝန်း----- ~အွန်းဟိုရဲ့ ဂိမ်းလေးကရော နောက်ဆုံးမှာ အောင်မြင်မှုရသွားမလား? ~အချစ်နဲ့ လက်တွေ့ဘဝကြားမှာ လွန်ဆွဲနေရတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းလေးက ဘယ်လို အဆုံးသတ်သွားမလဲ? "တကယ်လို့ ငါတို့သာ အဲဒီမြေအောက်ခန်းလေးကို မပြောင်းဖြစ်ခဲ့ရင်... လမ်းခွဲဖြစ်ကြမှာ မဟုတ်ဘူးလား" ဆိုတဲ့ မေးခွန်းရဲ့ အဖြေကရော ဘာဖြစ်မလဲ ကြည့်မိရင် သေချာပေါက်နောင်တမရမှာ သေချာတဲ့ ဇာတ်ကားလေးမို့ အများကြီးညွှန်းမနေဘဲ အခုပဲကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေရှင် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ei Ei ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း