Accused
ဒီဇာတ်ကားလေးကတော့ လန်ဒန်မှာ အခြေစိုက်တဲ့ နာမည်ကြီးသားဖွားနဲ့မီးယပ်အထူးကုဆရာဝန်မကြီး ဒေါက်တာဂီတီကာ ဟာ သူမရဲ့ လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံရတဲ့အခါမှာ သူမရဲ့ဂုဏ်သိက္ခာ၊ အသက်မွေးဝမ်းကျောင်းနဲ့ သူမရဲ့အိမ်ထောင်ရေး ဘယ်လိုတွေ ထိခိုက်သွားလဲဆိုတာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ပုံမှန် မြင်တွေ့နေကျ တရားရုံးခန်းခွင်က ပြကွက်တွေမဟုတ်ဘဲ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုပတ်ဝန်းကျင်က ဘယ်လိုအမြင်တွေနဲ့ တုံ့ပြန်ကြသလဲဆိုတာကို ပိုပြီးအသားပေး ရိုက်ပြထားတဲ့ LGBT ဆန်ဆန် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဒေါက်တာ ဂီတီကာ အဖြစ် မင်းသမီး Konkona Sen Sharma နဲ့ ဒေါက်တာမီရာ အဖြစ် မင်းသမီး Pratibha Ranta တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း