ဇာတ်ကားများ ရွေးရန်

Poorna

2026ဇာတ်ကားအမှတ် 7/10Web-dl 1080p

ဖခင်မေတ္တာရဲ့ ကြီးမားနက်ရှိုင်းမှုကို အသည်းခိုက်အောင် ရိုက်ကူးပြသထားတဲ့ ဒီဇာတ်လမ်းလေးဟာ ကြည့်ရှုသူတိုင်းရဲ့ မျက်ရည်ကို ဆွဲယူသွားမဲ့ ဒရာမာကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ ဘဝအခြေအနေမှာ နေ့စဉ်ရုန်းကန်နေရပေမဲ့ သမီးလေးရဲ့ အဆိုတော်ဖြစ်ချင်တဲ့ အိပ်မက်တွေကို ကိုယ်ကျိုးစွန့် အကောင်အထည်ဖော်ပေးနေတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာတရားကို အနုစိတ်ဖော်ကျူးထားပါတယ်။ ဒါပေမဲ့ ကံကြမ္မာရဲ့ ရက်စက်မှုကြောင့် သမီးလေးရဲ့ အိပ်မက်တွေ တောက်ပခါနီး အချိန်လေးမှာပဲ ရုတ်တရက် အသက်အန္တရာယ်ရှိတဲ့ နှလုံးရောဂါဆိုးကြီး ဝင်ရောက်လာတဲ့အခါ သူတို့သားအဖနှစ်ယောက်ရဲ့ အေးချမ်းတဲ့ဘဝလေးဟာ ချက်ချင်းဆိုသလို မှောင်မိုက်သွားခဲ့ရပါတယ်။ သမီးလေးရဲ့ အသက်ကိုကယ်တင်ဖို့ ကုန်ကျစရိတ် အမြောက်အမြား လိုအပ်လာချိန်မှာ အကူအညီမဲ့နေတဲ့ ဖခင်တစ်ယောက်ရဲ့ ကြေကွဲဖွယ် ပြေးလွှားရုန်းကန်မှုတွေကို ရင်နင့်ဖွယ် တွေ့မြင်ရမှာပါ။ လူ့အသိုင်းအဝိုင်းရဲ့ မျက်နှာသာမပေးမှု၊ နေရာတိုင်းမှာ ငြင်းပယ်ခံရမှုတွေကြားထဲကနေ နောက်ဆုံးမှာတော့ သမီးလေး အသက်ရှင်ခွင့်ရဖို့အတွက် ဖခင်တစ်ယောက်အနေနဲ့ ဘယ်သူမှ တွေးတောင်မတွေးရဲတဲ့ အကြီးမားဆုံးသော ပေးဆပ်စွန့်လွှတ်မှုကြီးတစ်ခုကို ရွေးချယ်သွားပုံက ပရိသတ်တွေကို ရင်တုန်ဘဝင်လှုပ် ဖြစ်စေမှာ အသေအချာပါပဲ။ အိပ်မက်တွေ၊ မျက်ရည်တွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဇာတ်လမ်းလေးဟာ ဘဝမှာ ဖခင်မေတ္တာရဲ့ အတိုင်းအတာမရှိတဲ့ တန်ဖိုးကို ပြန်လည်တွေးတောမိစေမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ လက်မလွတ်တမ်း ကြည့်ရှုသင့်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Clara Sol ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း