ဇာတ်ကားများ ရွေးရန်

Love Impossible

2003ဇာတ်ကားWeb-dl 1080p

ဒီကားဟာ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ကိုရီးယားအချစ်ဇာတ်လမ်းကောင်းတွေကို လွမ်းနေသူတွေအတွက် ကြည့်ရကျိုးနပ်စေမဲ့ ဇာတ်ကားဟောင်းလေးတစ်ကားပါ။ ချောဆူက အမြဲတမ်းလိုလို ကောင်မလေးတွေကိုလိုက်ကြောင်တတ်တဲ့ ပေါ့ပျက်ပျက်ပလေးဘွိုင်းတစ်ယောက်ပါ။ တစ်ဖက်က မြောက်ကိုရီးယားမှာတော့ ယောင်းဟီးက စာကိုကြိုးစားတဲ့အပြင် ဘက်စုံတော်တာမလို့ အဖေဖြစ်သူရဲ့အားကိုးအားထားရတဲ့သမီးတစ်ယောက်ပါ။ ဒီလိုနဲ့ တရုတ်မှာ ရှေးဟောင်းဂူသင်္ချိုင်းတွေတွေ့ရလို့ တောင်နဲ့မြောက်ပေါင်းပြီး ဂူသင်္ချိုင်းရှာဖို့အရေး ကြုံလာပါတော့တယ်။ တောင်ဘက်ကတော့ ချောဆူတို့အဖွဲ့ကိုလွှတ်လိုက်ပြီး မြောက်ဘက်ကတော့ ယောင်းဟီးတို့အဖွဲ့ကိုလွှတ်လိုက်ပါတယ်။ ပလေးဘွိုင်းချောဆူတစ်ယောက် ယောင်းဟီးနဲ့တွေ့ကတည်းက ဝါသနာအရ လိုက်ကြောင်ပါတော့တယ်။ ယောင်းဟီးကလည်း မာနကြီးသူပီပီ နေ့တိုင်း ရန်ဖြစ်နေကြရင်း ဘယ်လိုအလွဲလေးတွေနဲ့ ကြုံကြရမလဲဆိုတာ... ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း