Evil's Return
"မင်းတို့ပြောတဲ့ စည်းမျဉ်းတွေထက်... ငါ့လက်ထဲက အမှန်တရားက ပိုခိုင်မာတယ်" ဒီတစ်ခါ M Sub Movie Channel ကနေ တင်ဆက်ပေးလိုက်တာကတော့ အက်ရှင်၊ စုံထောက်နဲ့ ဒရာမာအပြင် လူ့လောကရဲ့ မတရားမှုတွေကို အားရပါးရ ကလဲ့စားချေပြမယ့် တရုတ်ရှေးဟောင်း စုံထောက်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းတော့ ရွာလုံးကျွတ် ကပ်ရောဂါဖြစ်လို့ဆိုပြီး အရာရှိယုတ်တွေရဲ့ မတရားသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ဝူလင်။ မိသားစုရော၊ ချစ်ရသူတွေကိုပါ ဆုံးရှုံးခဲ့ရပြီး မီးပုံထဲကနေ အသက်ဘေးက လွတ်မြောက်လာခဲ့တဲ့အခါမှာတော့ သူဟာ ဝူလင်အဖြစ် မဟုတ်တော့ဘဲ "ယဲ့ရှောင်" ဆိုတဲ့ နာမည်နဲ့ အမှောင်လောကထဲက စုံထောက်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ခုနစ်ရက်အတွင်းမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြီး မိသားစုအတွက် ကလဲ့စားချေဖို့ ကြိုးစားတဲ့အခါ... နန်းတွင်းထဲက အာဏာမက်တဲ့ အရာရှိတွေ၊ သစ္စာဖောက်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။ "ဒီ သာ့ထန်ပြည်ကြီးမှာ... တရားမျှတမှု ရှိသေးတယ်ဆိုတာ မင်းတို့ကို ငါပြမယ်" အမှန်တရားကို မြတ်နိုးသူတိုင်း လက်မလွှတ်သင့်တဲ့ကားမို့ အခုပဲ M Sub Movie Channel မှာ အားပေးကြည့်ရှုလိုက်ကြရအောင်ဗျာ။ ဒီဇာတ်ကားကို အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Mike ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း