ဇာတ်ကားများ ရွေးရန်

Giant

2025ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ကမ္ဘာ့ချန်ပီယံ ပရင့်စ် ဟာမက် နဲ့ သူ့ရဲ့ နည်းပြအကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ biographical ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်ကစားသမားတွေ၊ ချန်ပီယံတွေအပြင် ရွက်ပုန်းသီးကလေးတွေကိုပါ လက်ဝှေ့လေ့ကျင့်ပေးနေတဲ့ ဘရန်ဒန်ဆိုတဲ့ လက်ဝှေ့ကစားသမားဟောင်းကြီးက သူတို့မြို့ရဲ့ အပယ်ခံလေးဖြစ်တဲ့ ပါကစ္စတန်ကောင်လေးကိုလည်း ချန်ပီယံတစ်ယောက်ဖြစ်တဲ့ထိ အချိန်တွေ ပညာတွေ ပေးဆပ်ရင်း ‌သင်ကြားပေးခဲ့ပါတယ်။ ဒါပေမဲ့ နာ့ဇ်ဟာ သူအောင်မြင်လာတဲ့ နောက်မှာတော့ သူ့ဟာ ပါရမီပါလာသူတစ်ဦးဖြစ်တာကြောင့် အောင်မြင်လာရတယ်လို့ ကိုယ့်ကိုကိုယ် မာန်မာနတွေ ထောင်လွှားပြီး ဆရာဖြစ်သူနဲ့ လက်တွဲဖြုတ်လိုက်တဲ့ နောက်မှာတော့… ကြိုးဝိုင်းထဲမှာ တစ်ဖက်လူကို မခံမရပ်နိုင်ဖြစ်အောင် နည်းအမျိုးမျိုးနဲ့ ဆွတတ်တဲ့ ရိုင်းစိုင်းတယ်လို့ နာမည်ကြီးနေတဲ့ ပရင့်စ်ရဲ့ ရှုံးပွဲမရှိတဲ့ ထိုးသတ်ပုံတွေကိုလည်း ဒီဇာတ်ကားထဲမှာ မြင်တွေ့ခံစားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ye Myat ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း