I’m Undercover
I'm Undercover 2026 (ဥပဒေရဲ့ အမှောင်ဘက်ခြမ်းက ယုံကြည်ချက်) "လူတစ်ယောက်ဆီက ခိုးရင် ရာဇဝတ်သား၊ လူတစ်သောင်းဆီက ခိုးရင် သူရဲကောင်း..." ဆိုတဲ့ ခပ်ရဲရဲစကားလုံးတွေနဲ့အတူ ပရိသတ်ကို ဆွဲဆောင်သွားမဲ့ ဒီဇာတ်ကားဟာ အက်ရှင်ပြကွက်တွေတင်မကဘဲ စိတ်လှုပ်ရှားစရာ စုံထောက်ကွက်တွေနဲ့ ပြည့်နှက်နေပါတယ်။ မှုခင်းလောကရဲ့ ထိပ်သီး "ကြွက်ကြီး" နဲ့ "ခေါင်းဆောင်ပေ" တို့ရဲ့ အစီအစဉ်တွေကို ဖော်ထုတ်ဖို့ ကြိုးစားရင်း အသက်အန္တရာယ်ကြားကနေ ဘဝနဲ့ ရုန်းကန်ရတဲ့ ရဲအရာရှိတစ်ယောက်ရဲ့ စွန့်စားခန်းတွေကို မြင်တွေ့ရမှာပါ။ ဇာတ်လမ်းရဲ့ အလှည့်အပြောင်းတွေက ကြည့်ရှုသူကို တစ်ခဏလေးတောင် အငြိမ်မနေရအောင် ဖမ်းစားထားနိုင်ပြီး ဇာတ်ရှိန်တက်လာတာနဲ့အမျှ ရင်တထိတ်ထိတ်နဲ့ အားပေးရမဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အနှစ်သာရကတော့ ဥပဒေစိုးမိုးရေးအတွက် ကိုယ့်ကိုယ်ကိုယ် စတေးခံခဲ့ကြတဲ့ အမည်မသိ သူရဲကောင်းတွေရဲ့ ဘဝကို ဖော်ကျူးထားတာပါ။ မိသားစုကို နှုတ်ဆက်ဖို့တောင် အခွင့်အရေးမရဘဲ အမှောင်လောကထဲမှာ အရိပ်လို ကျင်လည်ရတဲ့ ရဲအရာရှိတွေရဲ့ သောကနဲ့ ဝေဒနာကို အနုပညာမြောက်စွာ ပုံဖော်ထားပါတယ်။ အထူးသဖြင့် နေဝင်ချိန် မြို့ပြကြီးရဲ့ အလှကိုကြည့်ရင်း နောက်ဆုံးအချိန်အထိ တာဝန်ကျေသွားခဲ့တဲ့ စီနီယာအရာရှိကြီးရဲ့ ပြကွက်တွေက ပရိသတ်ကို မျက်ရည်ဝဲစေမှာဖြစ်သလို၊ "ခန္ဓာကိုယ် ပျက်စီးသွားပေမဲ့ ယုံကြည်ချက်ကတော့ မပျောက်ကွယ်ဘူး" ဆိုတဲ့ သတင်းစကားက ရင်ထဲကို ထိထိရှရှ ရောက်ရှိလာမှာပါ။ M-Sub Movie Channel ကနေ ဘာသာပြန် တင်ဆက်ပေးထားတဲ့ ဒီဇာတ်ကားလေးကတော့ အက်ရှင်ကား ကြိုက်သူတွေအတွက်ရော၊ ခံစားချက်ပါတဲ့ ဒရာမာကားတွေကို နှစ်သက်သူတွေအတွက်ပါ လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်တာကြောင့် ခုပဲ ကြည့်ရှုလိုက်ကြဖို့ တိုက်တွန်းပါရစေ ဒီဇာတ်ကားကို အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Mike ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း