A Bloody Aria
ဒီကားကတော့ လူ့သဘာဝရဲ့အမှောင်မိုက်ဆုံးအပိုင်းတွေကို ရသပေါင်းစုံနဲ့ ဖော်ပြထားတဲ့ တောင်ကိုရီးယား Black Comedy Thriller ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ စိတ်လှုပ်ရှားစရာ ကြက်သီးထဖွယ် ဇာတ်ကွက်တွေနဲ့ လူမှုရေးသရော်စာတွေကို ရောယှက်ထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဂီတပါမောက္ခဖြစ်သူနဲ့ သူ့ရဲ့တပည့်မလေး အင်ဂျောင်းတို့ မြို့ပြင်ကို ကားအဖြူလေးတစ်စီးနဲ့ အပျော်ထွက်လာရာကနေ စတင်ပါတယ်။ လူပြတ်တဲ့ မြစ်ကမ်းဘေးရောက်တဲ့အခါ ပါမောက္ခဖြစ်သူက တပည့်မလေးကို အဓမ္မပြုကျင့်ဖို့ ကြိုးစားပါတော့တယ်။ အင်ဂျောင်းကတော့ ရုန်းကန်ပြီး အနီးနားက တောအုပ်ထဲကို ထွက်ပြေးလွတ်မြောက်သွားပါတယ်။ တောထဲမှာ အင်ဂျောင်းဟာ ဒေသခံ လူမိုက်တစ်စုနဲ့ သွားဆုံပါတယ်။ အစပိုင်းမှာ သူတို့က ကူညီမဲ့သူတွေလိုလိုနဲ့ တကယ်တမ်းကျ စရိုက်ကြမ်းတဲ့ ကြောက်စရာလူရမ်းကားတွေဖြစ်နေခဲ့ပါတယ်။ တစ်ဖက်မှာ ကျန်ခဲ့တဲ့ပါမောက္ခဖြစ်သူပါ အဲဒီလူမိုက်တွေလက်ထဲ ရောက်သွားတဲ့အခါမှာတော့ အခြေအနေက လုံးဝပြောင်းလဲသွားပြီး တခြားမထင်မှတ်ထားစရာကိစ္စတွေပါ ဘယ်လိုဖြစ်ပျက်သွားမလဲဆိုတာ... ကြောက်စရာကောင်းပြီး ရက်စက်တဲ့ အဖြစ်အပျက်တွေကြားမှာမှ မရယ်ရဘဲ မနေနိုင်အောင် ထည့်သွင်းထားတဲ့ ဟာသတွေက ဒီဇာတ်ကားကို တခြား Thriller တွေနဲ့ ကွဲထွက်သွားစေပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း