ဇာတ်ကားများ ရွေးရန်

Iratta

2023ဇာတ်ကားWeb-dl 1080p

* Movie Request လုပ်ထားတဲ့ ဇာတ်ကားယဖြစ်ပါတယ် ရဲစခန်းတစ်ခုအတွင်း လူအများအပြားရှိနေစဉ်မှာပဲ အထက်အရာရှိတစ်ဦး သေနတ်ဒဏ်ရာသုံးချက်နဲ့ ပဟေဠိဆန်ဆန် သေဆုံးသွားခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့ ဖိအားပေးမှုတွေ၊ မီဒီယာတွေရဲ့ စောင့်ကြည့်မှုတွေကြားမှာ ဒီအမှုဟာ ရိုးရိုးလူသတ်မှုလား။ ဒါမှမဟုတ် လုပ်ကြံမှုလားဆိုတာကို အချိန်တိုအတွင်း အဖြေရှာရတော့မှာပါ။ စခန်းတွင်းက မသင်္ကာဖွယ်ရာ ရဲအရာရှိသုံးဦးရဲ့ အတိတ်က ပဋိပက္ခတွေ၊ အမုန်းတရားတွေနဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေဟာ တစ်လွှာချင်းစီ ပွင့်ထွက်လာတဲ့အခါမှာတော့ ပရိသတ်ကို ဇာတ်ရှိန်အမြင့်ဆုံးအထိ ဆွဲခေါ်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ သာမန်စုံထောက်ကားတစ်ကားထက် ပိုမိုနက်ရှိုင်းပြီး လူသားတွေရဲ့ စိတ်နေစိတ်ထား၊ အမှားနဲ့အမှန်ကြားက ဝေဝါးမှုတွေနဲ့ ကံကြမ္မာရဲ့ ရက်စက်ပုံတွေကို ရင်နင့်ဖွယ် ပုံဖော်ထားပါတယ်။ ဇာတ်လမ်းရဲ့ အလှည့်အပြောင်းတွေဟာ ထင်မှတ်မထားတဲ့ နေရာမှာ ရှိနေသလို၊ အဆုံးသတ်မှာ ပေါ်ထွက်လာမဲ့ အမှန်တရားဟာလည်း ကြည့်ရှုသူတွေရဲ့ နှလုံးသားကို တစ်သက်စာ အမှတ်ရစေမဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်မှာပါ။ ရဲစခန်းရဲ့ တင်းကြပ်တဲ့ ဝန်းကျင်ထဲမှာ မိနစ်ပိုင်းအတွင်း ဖြစ်ပျက်သွားတဲ့ ကိစ္စရပ်တစ်ခုက ဘဝပေါင်းများစွာကို ဘယ်လိုရိုက်ခတ်သွားမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Clara Sol ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း