Heel
Psychological Thriller အမျိုးအစား "HEEL" (Good Boy လို့လည်း လူသိများပါတယ်) ဇာတ်ကားလေးကို ဒါရိုက်တာ ဂျန် ကိုမာဆာက ရိုက်ကူးထားတာဖြစ်ပြီး၊ စတီဖင် ဂရေဟမ်၊ အန်ဒရီယာ ရိုက်စ်ဘိုရိုနဲ့ အန်ဆန် ဘွန်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ အသက် ၁၉ နှစ်အရွယ် တော်မီဟာ မူးယစ်ဆေး၊ ပါတီနဲ့ ရန်ပွဲတွေကြားမှာ စည်းကမ်းမဲ့ ပရမ်းပတာ နေထိုင်တတ်တဲ့ လူငယ်တစ်ယောက်ပါ။ တစ်ညမှာတော့ ပါတီကနေ အပြန် လမ်းမှာ သူ့ကို အမည်မသိလူတစ်ယောက်က ရုတ်တရက် ပြန်ပေးဆွဲသွားပါတယ်။ တော်မီ သတိရလာတဲ့အချိန်မှာတော့ မြို့နဲ့ဝေးတဲ့ အိမ်တစ်လုံးရဲ့ မြေအောက်ခန်းထဲမှာ လည်ပင်းကို သံကြိုးခတ်ခံထားရလျက်သား ဖြစ်နေတာကို ထိတ်လန့်ဖွယ် တွေ့လိုက်ရပါတယ်။ အဲဒီအိမ်ကတော့ ခရစ်နဲ့ သူ့မိန်းမ ကက်သရင်းတို့ နေထိုင်တဲ့အိမ်ပါ။ ဒီဇာတ်လမ်းရဲ့ အဓိကစိတ်ဝင်စားစရာက ခရစ်တို့ ဇနီးမောင်နှံက တော်မီကို နှိပ်စက်ဖို့သက်သက် ဖမ်းလာတာ မဟုတ်ဘဲ၊ သူ့ကို လိမ္မာရေးခြားရှိတဲ့ Good Boy တစ်ယောက်ဖြစ်လာအောင် သူတို့နည်း သူတို့ဟန်နဲ့ ပြုပြင်ပေးဖို့ ကြိုးစားကြတာပါ။ ခွေးတစ်ကောင်လို ဆက်ဆံပြီး ဆုပေးဒဏ်ပေး စနစ်တွေ၊ စိတ်ပိုင်းဆိုင်ရာ ကစားကွက်တွေနဲ့ ပြုပြင်ဖို့ ကြိုးစားတဲ့အခါ တော်မီတစ်ယောက် ဒီလို ထူးဆန်းတဲ့ အကျဉ်းစခန်းကနေ ဘယ်လို လွတ်မြောက်အောင် ကြိုးစားမလဲ၊ ဒါမှမဟုတ် သူတို့လိုချင်တဲ့ လူလိမ္မာလေးအဖြစ် တကယ်ပဲ ပြောင်းလဲသွားမလား ဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားမျိုး ဖြစ်ပါတယ်။ ဒီကားလေးက လွတ်လပ်ခွင့်၊ မိသားစုဆိုတဲ့ အဓိပ္ပာယ်နဲ့ လူတစ်ယောက်ကို အတင်းအကျပ် ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတဲ့အခါ ဖြစ်လာနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို အသည်းယားစရာ၊ တွေးစရာတွေနဲ့ ရိုက်ကူးပြသထားတဲ့ ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Kim ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း