ဇာတ်ကားများ ရွေးရန်

Once We Were Us

2025ဇာတ်ကားWeb-dl 1080p

ဒီကားကတော့ ၂၀၁၈ ခုနှစ်က ပရိသတ်တွေရဲ့ရင်ကို တုန်လှုပ်စေခဲ့တဲ့ တရုတ်အချစ်ဒရမ်မာ "Us and Them" ကို ကိုရီးယားရုပ်ရှင်လောကက ပုံစံသစ်နဲ့ ပြန်လည်အသက်သွင်းလိုက်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းက ၂၀၀၈ ခုနှစ်ရဲ့ဆိုးလ်မြို့ဆီကို ဦးတည်ထားပါတယ်။ အိပ်မက်ကိုယ်စီနဲ့ ရုန်းကန်နေရတဲ့ လူငယ်နှစ်ယောက်ဖြစ်တဲ့ အွန်းဟိုနဲ့ ဂျောင်ဝန်းတို့ဟာ အိမ်ပြန်ခရီးတစ်ခုမှာ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ကြရာကနေ သံယောဇဉ်တွေ စတင်ခဲ့ပါတယ်။ နွေဦးရဲ့လှပမှုတွေ ဆောင်းဦးရဲ့ အေးစက်မှုတွေကြားမှာ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အားပေးရင်း ဘဝရဲ့ အနိမ့်အမြင့်တွေကို အတူတူ ကျော်ဖြတ်ခဲ့ကြပေမဲ့ လက်တွေ့ဘဝရဲ့ ရိုက်ခတ်မှုတွေ ငွေကြေးအခက်အခဲတွေနဲ့ စိတ်ဝမ်းကွဲမှုတွေက သူတို့ရဲ့အချစ်ကို စမ်းသပ်လာတဲ့အခါမှာတော့ နာကျင်စွာနဲ့ လမ်းခွဲခဲ့ကြရပါတယ်။ ဆယ်စုနှစ်တစ်ခုအကြာ လေယာဉ်ပေါ်မှာ ပြန်လည်ဆုံတွေ့ကြတဲ့အခါမှာ အတိတ်က အမှတ်တရတွေဟာ တရိပ်ရိပ် ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ "တကယ်လို့သာ အဲဒီတုန်းက ငါတို့တွေ အလျှော့ပေးခဲ့ကြရင်..." "တကယ်လို့သာ ငါတို့ အတူတူ ဆက်ရှိနေခဲ့ရင်..." ဆိုတဲ့ နောင်တတွေနဲ့အတူ သူတို့ရဲ့ ပစ္စုပ္ပန်ဘဝတွေကို ဘယ်လိုအဆုံးသတ်ကြမလဲဆိုတာ... ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း