ဇာတ်ကားများ ရွေးရန်

Allied

2016ဇာတ်ကားBlu-ray 1080p

ဒီတစ်ခါ ပရိသတ်တွေကို တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်နောက်ခံ လျှို့ဝှက်သည်းဖို သူလျှိုဇာတ်လမ်းနဲ့ ရင်နင့်စရာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ "Allied (မဟာမိတ်)" ဆိုတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း "ခံစားချက်တွေကို အစစ်အမှန်အတိုင်းပဲ ထားတယ် ဒါကြောင့်လည်း အဆင်ပြေနေတာပေါ့" -----မာရီယန်----- ဟန်ဆောင်ဇနီးမောင်နှံဘဝကနေ တကယ့်အချစ်စစ်တွေ ဖြစ်တည်လာခဲ့ပါတယ်။ အဲဒီနောက် လန်ဒန်မြို့ကိုပြောင်းရွှေ့ပြီး ချစ်စရာကောင်းတဲ့ သမီးလေး အန်နာ နဲ့အတူ ပျော်ရွှင်စရာ အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ လန်ဒန်မြို့ရဲ့ အေးချမ်းတဲ့ နေ့ရက်တွေက သိပ်မကြာလိုက်ပါဘူး။ မက်စ် ရဲ့ အထက်လူကြီးတွေက မာရီယန် ဟာ ဂျာမန်သူလျှိုတစ်ယောက် ဖြစ်နေနိုင်တယ်ဆိုတဲ့ သံသယနဲ့ ၇၂ နာရီအတွင်း အမှန်တရားကို ရှာဖွေဖို့ (Blue-dye) စမ်းသပ်မှုတစ်ခု လုပ်လာတဲ့အခါမှာတော့ ဇာတ်လမ်းက အမြင့်ဆုံးကို ရောက်လာပါတော့တယ်။ "ကိုယ့်အတွက် စန္ဒရားတီးပြစေချင်တယ် မင်းကိုချစ်လို့ ကိုယ့်အတွက် တီးပြစေချင်တာ" -----မက်စ်----- ~မာရီယန်က တကယ်ပဲ ဂျာမန်သူလျှိုတစ်ယောက်လား? ~မက်စ် တစ်ယောက်ရော သူ့မိန်းမရဲ့ အပြစ်ကင်းစင်ကြောင်းကို ၇၂ နာရီအတွင်း သက်သေပြနိုင်ပါ့မလား? ~မိသားစုနဲ့ တိုင်းပြည်တာဝန်ကြားမှာ မက်စ် ဘယ်အရာကို ရွေးချယ်သွားမလဲ? ယုံကြည်မှုနဲ့ သံသယကြားက လွန်ဆွဲပွဲ၊ ရက်စက်မှုအောက်က အချစ်စစ်ရဲ့ အင်အားကို ရင်တဖိုဖိုနဲ့ ကြည့်ရှုခံစားရမယ့် "Allied" ဇာတ်ကားကောင်းလေးကိုတော့ မလွတ်တမ်း ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်နော် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့‌ Ei Ei ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း