Di Renjie of Extraordinary Flowers On The Faramita
ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ နာမည်ကြီး စုံထောက်တီရန်ကျယ်ကားတွေထဲက တစ်ခုဖြစ်တဲ့ ''တီရန်ကျယ်နဲ့ ထူးဆန်းသော မရဏပန်း''ဆိုတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့.. လူကြီးမင်းတီရန်ကျယ်တစ်ယောက် အန္တရာယ်ရှိတဲ့ အမတဆေး(မသေဆေး)တစ်ခုနဲ့ ဆက်နွယ်နေတဲ့ ပူးပေါင်းကြံစည်မှုကြီးတစ်ခုကို စုံစမ်းဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ အဲဒီဆေးကို အကြောင်းပြပြီး ဧကရီဘုရင်မ ဝူကျီထျန်းကို တော်လှန်ပုန်ကန်ဖို့ ကြံစည်နေတဲ့ မင်းသားတစ်ပါး အကြောင်းကို စုံစမ်းဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ အမှုဖော်ရာမှာ လိမ္မာပါးနပ်တဲ့ တီရန်ကျယ်က ''မရဏပန်း''ကို အသုံးပြုပြီး လူတွေကို လှည့်စားကာ ပုန်ကန်ဖို့ ကြိုးစားနေတဲ့ မင်းသားနဲ့ အပေါင်းအပါ တစ်စုကို ဘယ်လိုတွေ ရင်ဆိုင်ပြီး အမှုမှန်ပေါ်အောင် ဖော်ထုတ်သွားမှာလဲ...??? သည်းထိတ်ရင်ဖို ကြိုက်နှစ်သက်သူတွေ တီရန်ကျယ်ရဲ့စုံထောက်ကားတွေကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက်တော့ လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thandar Hlaing ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း