Jockey
တောင်ပိုင်းအိန္ဒိယရဲ့ ရိုးရာဆိတ်တိုက်ပွဲတွေဆိုတာ သာမန်အားကစားတစ်ရပ်မဟုတ်ဘဲ ယောကျ်ားမာန၊ ဂုဏ်သိက္ခာနဲ့ သွေးချောင်းစီးမှုတွေ ရောယှက်နေတဲ့ စစ်မြေပြင်တစ်ခုလိုပါပဲ။ ဒီဇာတ်ကားလေးက မိမိရဲ့တိုက်ဆိတ်လေးကို သားအရင်းတစ်ယောက်လို ချစ်မြတ်နိုးတဲ့ သာမန်လူငယ်လေးတစ်ယောက်ကနေ ဒေသတွင်းမှာ တစ်ပွဲမှမရှုံးဖူးသေးတဲ့ မာနခဲချန်ပီယံကြီးကို အကြိတ်အနယ်ယှဉ်ပြိုင်အနိုင်ယူလိုက်ရာကနေ ဇာတ်လမ်းစတင်ထားပါတယ်။ မထင်မှတ်ထားတဲ့ အရှုံးကြောင့် အရှက်ကွဲသွားတဲ့ ချန်ပီယံဟောင်းရဲ့ အငြိုးတရားတွေဟာ အားကစားကွင်းပြင်ကိုကျူးကျော်လွန်ပြီး လူမှုဘဝတွေဆီအထိပါ ကူးစက်လာတဲ့အခါ ရိုးရှင်းတဲ့ ပြိုင်ဆိုင်မှုတစ်ခုကနေ သေရေးရှင်ရေး လူမိုက်ပွဲအဖြစ် ပြောင်းလဲသွားပုံကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ အနိုင်ရချင်စိတ်နဲ့ အတ္တတွေ ကြီးထွားလာတဲ့အခါ လူတွေက ဘယ်လောက်အထိ အောက်တန်းကျကျ ယုတ်မာတတ်ကြလဲဆိုတာကို ဒီဇာတ်ကားမှာ ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရပါလိမ့်မယ်။ လူသားနဲ့ တိရစ္ဆာန်ကြားက နက်ရှိုင်းတဲ့သံယောဇဉ်ကို မီးမောင်းထိုးပြထားသလို အပြစ်ကင်းတဲ့ တိရစ္ဆာန်လေးအပေါ် ရက်ရက်စက်စက် လုပ်ကြံမှုတွေ၊ မိသားစုဝင်တွေအထိပါ ထိခိုက်နစ်နာလာရတဲ့ မြင်ကွင်းတွေက ကြည့်ရှုသူရဲ့ နှလုံးသားကိုပါ ဆွဲဆောင့်သွားစေမှာ အမှန်ပါပဲ။ အားကစားတစ်ခုကနေစခဲ့တဲ့ ပဋိပက္ခက သွေးနဲ့ရင်းရမဲ့ အဆုံးသတ်ဆီ ဦးတည်သွားတဲ့အခါ... တရားမျှတမှုအတွက် ဘယ်လိုပြန်လည်တုံ့ပြန်ကြမလဲ။ လက်စားချေမှုတွေကရော ဘယ်လောက်တောင် ကြမ်းတမ်းမလဲဆိုတာကို အက်ရှင်ဒရာမာ အကြိုက်တွေ့သူတွေ လုံးဝလက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Clara Sol ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း