ဇာတ်ကားများ ရွေးရန်

Dheeram

2025ဇာတ်ကားWeb-dl 1080p

စိတ်ဝင်စားဖို့အရမ်းကောင်းတဲ့ ကွင်းဆက်လူသတ်သမားကို ရှာဖွေဖော်ထုတ်ရတဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအစမှာပဲ ကလပ်တစ်ခုက ကားပါကင်မှာ လူငယ်တစ်ယောက် အသတ်ခံလိုက်ရလို့ ရဲမှူးစတာလင်ကို အမှုစစ်ဆေးဖို့ တာဝန်ပေးလိုက်တယ်။ အဲ့ဒီအမှုကို လိုက်နေတုန်းမှာပဲ နောက်ထပ်လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပြီး သေဆုံးသူတွေကြားမှာလည်း ဆက်နွယ်မှုတွေရှိနေတာ သိလိုက်ရတယ်။ တရားခံက ဘာကြောင့် ဒီလူတွေကို လိုက်သတ်နေတာလဲ လက်စားချေဖို့လား တရားမျှတမှုအတွက်လားဆိုတာကို နောက်ဆုံးရောက်မှ တရားခံက လုံးဝမထင်ထားတဲ့လူ ဖြစ်နေတဲ့ စိတ်ဝင်စားစရာ စုံထောက်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ စတာလင် အဖြစ် မင်းသား Indrajith Sukumaran ၊ ရှာရဒါ အဖြစ် မင်းသမီး Reba Monica John နဲ့ ဒိုင်ယာ အဖြစ် မင်းသမီး Divya Pillai တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း