ဇာတ်ကားများ ရွေးရန်

Baby

2015ဇာတ်ကားWeb-dl 1080p

* Movie Request ထဲက ဇာတ်ကားဖြစ်ပါသည်။ အိန္ဒိယနိုင်ငံအနှံ့မှာ အကြီးအကျယ် ဗုံးခွဲတိုက်ခိုက်ဖို့ စီစဉ်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို တားဆီးဖို့အတွက် အိန္ဒိယအစိုးရက " ဘေဘီ " လို့ အမည်ပေးထားတဲ့ အထူးအဖွဲ့ငယ်လေးတစ်ခုကို လျှို့ဝှက်ဖွဲ့စည်းခဲ့တယ်။ ဒီအဖွဲ့က ဥပဒေပြင်ပကနေ လှုပ်ရှားရပြီး ၅ နှစ်သက်တမ်း စမ်းသပ်ကာလအဖြစ် ဖွဲ့စည်းထားပါတယ်။ အာဂျေးက ဒီအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့အဖွဲ့သားတွေနဲ့အတူ ကမ္ဘာအနှံ့ (တူရကီ၊ နီပေါ၊ ဆော်ဒီအာရေးဗီးယား) လိုက်လံပြီး အကြမ်းဖက်သမားတွေကို ခြေရာခံဖမ်းဆီးရပါတယ်။ နောက်ဆုံး ဘေဘီအဖွဲ့သားတွေ ဆော်ဒီမှာ အကြမ်းဖက်ခေါင်းဆောင်ကြီးကို ဖမ်းဖို့ သွားကြတဲ့အခါ ဘယ်လိုအန္တရာယ်တွေကို ရင်ဆိုင်ရမလဲဆိုတာ ဇာတ်လမ်းအဆုံးထိ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အာဂျေး အဖြစ် မင်းသား Akshay Kumar ၊ မစ္စတာဖာရို့စ် အဖြစ် မင်းသားကြီး Danny Denzongpa နဲ့ ဂျေးအဖြစ် မင်းသား Rana Daggubati တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း