Demon Squad: Tooth and Claw
2019 တုန်းကထွက်ခဲ့တဲ့ Demon Squad ရဲ့ Sequel ဖြစ်ပြီး Indie စတိုင် တောင်ပိုင်းဒေသရဲ့ စိတ်ကူးယဉ်ဇာတ်လမ်းအမျိုးအစားကိုမှ သဘာဝလွန်ဖြစ်ရပ်တွေကိုစုံစမ်းတဲ့ စုံထောက် နစ်မွန်းနဲ့ ဒေစီတို့ အဓိကပါဝင်ပါတယ်။ အကျဉ်းချုပ်ရှင်းပြရရင် အိမ်ခြေရာမဲ့တွေ အလုပ်လက်မဲ့တွေအတွက် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြို့ကိုပြန်အသက်သွင်းတဲ့ စီမံကိန်းလုပ်နေတဲ့ Mobile ဆိုတဲ့မြို့မှာ ရှင်းပြမရတဲ့ ထူးထူးဆန်းဆန်း လူသေမှုတွေဖြစ်နေပြီး လက်သည်မပေါ်လို့ မြို့သူမြို့သားတွေက အဖြေသိချင်နေကြပါတယ်။ တချို့မျက်မြင်သက်သေတွေက တရားခံက လူသားမဟုတ်ဘဲ လူပုံသဏ္ဍာန် ခွေးလိုသတ္တဝါလို့ ထွက်ဆိုကြပေမယ့် မြို့တော်ဝန်နဲ့အာဏာပိုင်တွေက စိတ်ကူးယဉ်သတ္တဝါတွေ နတ်ဆိုးတွေ သမန်းဝံပုလွေတွေကို ဘာတစ်ခုမှ အယုံအကြည်မရှိဘူးလို့ အတိအလင်း ထုတ်ပြန်ထားပါတယ်။ အဲဒီမှာ ဒီလူသေမှုတွေကိုစုံစမ်းဖို့ နစ်မွန်းနဲ့ သူ့လက်ထောက်ဒေစီရောက်လာတဲ့အခါမှာတော့ ဒီသတ္တဝါတွေ ရောက်လာရတဲ့အကြောင်းရင်းနဲ့ မြို့ပြစီမံကိန်း ဆက်စပ်နေပုံကို စုံစမ်းသိရှိသွားပြီး အဓိကတရားခံကို ဖော်ထုတ်မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း