ဇာတ်ကားများ ရွေးရန်

Abroad

2023ဇာတ်ကားWeb-dl 1080p

ထယ်မင်း နဲ့ မင်ဂျီ ဆိုတဲ့ ကိုရီးယားစုံတွဲလေးဟာ မြောက်အမေရိကကို မြောက်ပိုင်းအလင်းတန်း ကြည့်ဖို့အတွက် ပထမဆုံးအကြိမ် အတူတူ ခရီးထွက်လာခဲ့ကြပါတယ်။ ဒါပေမဲ့ ရောက်ရောက်ချင်းညမှာပဲ သူတို့နှစ်ယောက် စကားများရန်ဖြစ်ကြပြီးနောက် မင်ဂျီဟာ ပဟေဠိဆန်ဆန် ရုတ်တရက် ပျောက်ဆုံးသွားပါတော့တယ်။ ဒီအမှုအတွက် ဒေသခံရဲအရာရှိက လာရောက်စစ်ဆေးတဲ့အခါ ထယ်မင်းက အင်္ဂလိပ်စကား သိပ်မပြောတတ်၊ နားမလည်တာကြောင့် ဖြစ်ပျက်ခဲ့တာတွေကို သေချာမရှင်းပြနိုင်ခဲ့ပါဘူး။ အဲဒါကြောင့် ရဲတွေက သူ့ကိုပဲ အဓိကသံသယတရားခံအဖြစ် သတ်မှတ်ပြီး အချုပ်ထဲထည့်ထားလိုက်ပါတယ်။ ဒါပေမဲ့ မမျှော်လင့်ထားတဲ့ အကူအညီတစ်ခုကြောင့် ထယ်မင်းတစ်ယောက် အချုပ်ထဲကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ရဲတွေက သူ့ကို တရားခံလို့ ထင်နေကြမှန်း သိသွားတဲ့နောက်မှာတော့ ထယ်မင်းဟာ သူ့ချစ်သူကို ကိုယ်တိုင်လိုက်ရှာဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ သူစိမ်းဆန်တဲ့ အမေရိကန်မြို့ငယ်လေးထဲမှာ ချစ်သူကို အသည်းအသန်လိုက်ရှာရင်းနဲ့ နောက်ကွယ်က ထူးဆန်းတဲ့ အရာတွေ၊ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရပြီး ကိုယ့်အသက်မသေအောင်ပါ ရုန်းကန်ရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း