The Avenging Eagle
ဒီဇာတ်ကားလေးကတော့ တစ်ခေတ်တစ်ခါက နာမည် အရမ်းကြီးပြီး လူကြိုက်များခဲ့တဲ့ ဟောင်းနေပေမယ့် ကောင်းနေဆဲဖြစ်တဲ့ ဂန္တဝင်သိုင်းကားလေးဖြစ်တဲ့ The Avenging Eagle (1978)ဆိုတဲ့ old but gold သိုင်းကားစစ်စစ် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့... "သံလှေဂိုဏ်း" ရဲ့ ခေါင်းဆောင် ယိုရှီဟုန်းဟာ ကျွေးမွေးပြုစုပြီး လူသတ်သမားအဖြစ် လက်သပ်မွေးထားတဲ့ သိန်းငှက်အဖွဲ့ဝင် ၁၃ယောက်ရှိပါတယ်။ အဲဒီထဲက အတော်ဆုံးဖြစ်တဲ့ ချီမင်ရှန်းဟာ ဂိုဏ်းရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကို စိတ်ကုန်ပြီး ထွက်ပြေးလာခဲ့ပါတယ်။ လမ်းမှာတော့ သူ့ရဲ့အတိတ်က ရန်ကြွေးတွေနဲ့ ဆက်နွှယ်နေတဲ့ လျှို့ဝှက်သိုင်းသမား ဓားနှစ်လက်ချွဲရီဖန်နဲ့ ဆုံတွေ့ခဲ့ပြီး သူတို့နှစ်ဦးဟာ ဘုံရန်သူဖြစ်တဲ့ ယိုရှီဟုန်းကို နှိမ်နင်းဖို့ လက်တွဲခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး ရက်စက်ယုတ်မာတဲ့ ဂိုဏ်းခေါင်းဆောင်ကြီး ယိုရှီဟုန်းကို အတူရင်ဆိုင်ဖြေရှင်းရာမှာ ဘာတွေ ဆက်ဖြစ်မှာလဲ ချီမင်ရှန်းရဲ့ သုံးဆက်ပိုင်းတုတ်သိုင်းကွက်နဲ့ ချွဲရီဖန်ရဲ့ ဓားနှစ်လက်သိုင်းကွက်တို့နဲ့ ပေါင်းစပ် တိုက်ခိုက်ရာမှာတော့.... "မကောင်းမှုဆိုတာ ဘယ်လောက်ပဲ ကောင်းအောင် လုပ်ပေးခဲ့ပါစေ အဆုံးသတ်မှာတော့ ပြန်ပေးဆပ်ရမှာပဲ" ဆိုတဲ့ သင်ခန်းစာလေးကို ဒီဇာတ်လမ်းလေးက ပေးသွားပါတယ်။ IMDb မှာ 7.4/10 ထိ ရရှိထားတဲ့အတွက် ညွှန်းစရာမလိုအောင် ကောင်းနေပြီးသား ဖြစ်ပါတယ်။ သိုင်းကားချစ်သူတွေကြားမှာ အမြဲတမ်း နေရာယူထားတဲ့ ကြည့်ကိုကြည့်ရမယ့် (Must Watch) စာရင်းဝင် ဂန္ထဝင်မြောက် သိုင်းဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thandar Hlaing ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း