ဇာတ်ကားများ ရွေးရန်

Cat vs Rat

1982ဇာတ်ကားအမှတ် 6/10Blu-ray 1080p

ဒီတစ်ခေါက်မှာတော့ ၁၉၈၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Cat vs. Rat 御貓三戲錦毛鼠)ဆိုတဲ့ နာမည်ကျော် ဟောင်ကောင် ကွန်ဖူးဟာသဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ကြွက်ညီနောင် ငါးဦးထဲမှ အငယ်ဆုံးသခင်လေး ပိုင်ယွီထုံနဲ့ ကျန်းချိုးဟာ ဆရာတစ်ယောင်တည်းဆီမှာ သိုင်းပညာသင်ယူနေကြသူများဖြစ်ပြီး အမြဲတမ်း ရန်လိုကာ ယှဉ်ပြိုင်တိုက်ခိုက်နေကြတဲ့သူနှစ်ယောက်ဖြစ်ပါတယ်။ကျန်းချိုးက တည်ငြိမ်ပြီး စည်းကမ်းကြီးတဲ့သူဖြစ်ပေမဲ့ ပိုင်ယွီထုံ ကတော့ အရမ်းသွက်လက်ပြီး ဆော့ကစားချင်တဲ့ စရိုက်ရှိပါတယ်။ သူတို့နှစ်ယောက်ရဲ့ အားပြိုင်မှုတွေဟာ သေလောက်အောင် သတ်ကြတာမျိုးမဟုတ်ဘဲ တစ်ဖက်လူကို အရှက်ရအောင် ၊ အနိုင်ယူနိုင်အောင် ကြိုးစားကြတဲ့ "ကြောင်နဲ့ကြွက်" လိုပြေးတမ်းလိုက်တမ်း ကစားနေကြတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အသာစီးရဖို့ နည်းမျိုးစုံနဲ့ ပရိယာယ်သုံးပြီး တိုက်ခိုက်နေကြရင်း... တစ်နေ့မှာတော့ တိုင်းပြည်ရဲ့ အုပ်ချုပ်သူ ဧကရာဇ်ဟာ မမျှော်လင့်ပဲ သူတို့ရှိရာမြို့လေးသို ရုပ်ဖျက်ကာ ရောက်ရှိလာပါတော့တယ်။ထိုအချိန်မှာ သူခိုးဓားပြတစ်စုဟာ မင်းကြီးနဲ့ အတူပါ‌လာသော ကျောက်စိမ်းတံဆိပ်ကို တွေ့ရှိသွားပြီး လုယက်ရန် နည်းမျိုးစုံနဲ့ ကြိုးပမ်းပါတော့တယ်။ပိုင်ယွီထုံဟာ မင်းကြီးကို အရင်တွေ့ရှိကာ ကယ်တင်ခဲ့သော်လည်း သူ့ရဲ့ မာနကြီးမှုကြောင့် တော်ဝင်ရာထူးခန့်အပ်ခံရမယ့် အခွင့်အရေးနဲ့လွဲချော်သွားခဲ့ပြီး နောက်မှတွေ့ရှိသူ ကျန်းချိုးဟာ မင်းကြီးရဲ့ တော်ဝင်အစောင့်တပ်မှုးအဖြစ် ရာထူးခန့်အပ်ခံခဲ့ရပါတော့တယ်။မင်းကြီးဟာ သူ့ကို မထီမဲ့မြင်ပြုပြီး မာနကြီးလွန်းတဲ့ ပိုင်ယွီထုံကို ပညာပေးချင်တာကြောင့် ကျန်းချိုးအား ကြွက်တွေကိုနှိမ်နင်းမယ့် "တော်ဝင်ကြောင်" ဟူသော ဘွဲ့အမည်ကို ချီးမြှင့်ခဲ့ပါတော့တယ်။ထို့ကြောင့် ပိုင်ယွီထုံက မကျေမနပ်ဖြစ်ပြီး ကျန်းချိုးကို နည်းမျိုးစုံသုံးပြီး ပြဿနာရန် ကြံစည်တဲ့အခါမှာတော့....ကြွက်သခင်လေး ပိုင်ယွီထုံ နဲ့ တော်ဝင်ကြောင်ကျန်းချိုးတို့ကြားက အားပြိုင်မှုတွေကို ကွန်ဖူးတိုက်ကွက်မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဟာသနှောကာ ကြည့်ရှု့ခံစားရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း