Helios
HELIOS (2015) - ဟောင်ကောင်ကို ပြာချမဲ့ အန္တရာယ်၊ ဘယ်သူက ဟီလီယော့စ်လဲ ဒီနေ့မှာတော့ သီချင်းသံစဉ်တွေ၊ အက်ရှင်ခန်းတွေနဲ့ တင်းမာမှုတွေကို အပြည့်အဝ ပေးစွမ်းနိုင်မယ့် ဟောင်ကောင်-ကိုရီးယား ပူးပေါင်းလက်ရာ "Helios" ကို M Sub Movie Channel မှာ တင်ဆက်ပေးလိုက်ပါပြီ။ ကိုရီးယားနိုင်ငံကနေ ခိုးယူခံလိုက်ရတဲ့ အဆင့်မြင့် နျူကလီးယားလက်နက် "DC8" ဟာ ဟောင်ကောင်ကို ရောက်ရှိလာတဲ့အခါမှာတော့ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေ၊ ထောက်လှမ်းရေးတွေနဲ့ အကြမ်းဖက်သမားတွေကြားမှာ အသက်ရှင်ရေးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်မှုတွေ စတင်ပါတော့တယ်။ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ ဒီလက်နက်ကို ဘယ်သူက ထိန်းချုပ်ထားတာလဲ ဒဏ္ဍာရီလာ အကြမ်းဖက်သမား "ဟီလီယော့စ်" ဆိုတာကကော ဘယ်သူလဲ ဒီဇာတ်ကားထဲမှာဆိုရင် Nick Cheung, Shawn Yue, Jacky Cheung, Choi Si-won တို့လို အာရှရဲ့ ထိပ်တန်းမင်းသားကြီးတွေ စုစည်းပါဝင်ထားတာကြောင့် သရုပ်ဆောင်ပိုင်းမှာ အပြစ်ပြောစရာမရှိပါဘူး။ ဇာတ်လမ်းတစ်လျှောက်လုံး ဘယ်သူက မိတ်ဆွေ၊ ဘယ်သူက ရန်သူလဲဆိုတာ ခန့်မှန်းရခက်ပြီး စိတ်လှုပ်ရှားစရာ အကွေ့အကောက်တွေနဲ့ ပြည့်နှက်နေပါတယ်။ နျူကလီးယားပေါက်ကွဲမှုအန္တရာယ်ကနေ ဟောင်ကောင်ကို ကယ်တင်ဖို့အတွက် ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးတွေရဲ့ တိုက်ပွဲတွေက ကြည့်ရှုသူတွေကို ထိုင်ခုံမှာ တုပ်တုပ်မလှုပ်နိုင်အောင် ဆွဲဆောင်သွားမှာပါ။ အမှန်တရားနဲ့ လျှို့ဝှက်ချက်တွေကြားက ဒီတိုက်ပွဲမှာ ဘယ်သူက နောက်ဆုံးအနိုင်ရသွားမလဲဆိုတာ M Sub Movie Channel မှာ အခုပဲ ကြည့်ရှုလိုက်ပါဗျာ။ ဒီဇာတ်ကားကို အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူတော့ Mike ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း