The Monuments Men
war action ကြိုက်နှစ်သက်ကြတဲ့ ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက မိတ်ဆက်ပေးချင်တာကတော့ The Monuments Men ဆိုတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ စစ်ပွဲတစ်ခုဖြစ်ပွားတဲ့အခါ အဆောက်အဦးတွေ နေရာထိုင်ခင်းတွေအပြင် တိုင်းပြည်တစ်ခုမှာရှိတဲ့ သမိုင်းဝင်အမွေအနှစ် အနုပညာဖန်တီးမှုတွေကိုပါ တစ်ပါတည်း ဆုံးရှုံးရစမြဲပါပဲ။ ဒီ အနုပညာအမွေအနှစ်တွေကို တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်ချင်ကြတဲ့သူတစ်ချို့က တပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့ပြီး သူတို့ နိုင်ငံကနေ ခိုးယူသွားတဲ့ အနုပညာလက်ရာတွေကို ပြန်လည်ရယူနိုင်ဖို့ ကြိုးပမ်းကြတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ သူတို့ရဲ့ ကြိုးပမ်းမှုတွေက ဘယ်လောက်ထိ အရာထင်ပြီး အဖိုးတန်လာမလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း