ဇာတ်ကားများ ရွေးရန်

Yogi Da

2026ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ ယိုဂတ်ရှ်ဝရီ (ခေါ်) ယိုဂီ ဆိုတဲ့ ရဲအရာရှိမလေးရဲ့ ရဲရင့်ပြီး ရိုးသားဖြောင့်မတ်မှုကို အသားပေးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ယိုဂီက အမှန်တရားအတွက် ဝန်ကြီးချုပ်ဖြစ်နေရင်တောင် ငဲ့ကွက်မယ့်လူမဟုတ်တဲ့အတွက် ခနခန အပြောင်းအရွှေ့လုပ်ခံရသူပါ။ ဂျာဝါးဘာဘူ ဟာ သူ့ပြည်နယ်မှာ မူးယဇ်ဆေးမှောင်ခိုလုပ်တဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးဖြစ်ပြီး အကြီးအကဲတွေနဲ့ ရင်းနှီးတဲ့သူတစ်ယောက်ပါ။ အဲ့လို အာဏာကြီးတဲ့ ဂျာဝါးဘာဘူရဲ့ ပြည်နယ်ရဲစခန်းကို ယိုဂီတစ်ယောက် အပြောင်းရွှေ့ခံလိုက်ရတဲ့အခါမှာ အင်အားချင်းကွာခြားသလို မိန်းမသားလည်းဖြစ်နေပေမဲ့ အဲ့ဒီမူးယဇ်ရာဇာဂိုဏ်းကို ဘယ်လိုတွေ အပြတ်ချေမှုန်းမလဲဆိုတာ ယိုဂီရဲ့ ခပ်မိုက်မိုက်အထာတွေနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ယိုဂီ အဖြစ် မင်းသမီး Dhansika နဲ့ ဂျာဝါးဘာဘူ အဖြစ် မင်းသား Kabir Duhan Singh တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း