Buddy Cops
အခုတစ်ခေါက် ဇာတ်ကားလေးကတော့ ရယ်မောရင်း ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေရင်း ကြည့်ရှုလို့ကောင်းမယ့်'' Buddy Cops''ဆိုတဲ့ ရဲဟာသ အက်ရှင်ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ စိတ်မြန်လက်မြန်ရှိတဲ့ ရဲစုံထောက် အားဖေးဟာ စစ်ဆင်ရေးတစ်ခုကို ထပ်မံအမှား လုပ်မိပေမယ့် ရဲတပ်ဖွဲ့က သူ့ကို အလုပ်မထုတ်နိုင်တဲ့အတွက် ဒီအတိုင်းထားထားရတဲ့ အသုံးမကျတဲ့ ဝန်ထမ်းတွေ စုဝေးရာဌာနတစ်ခုကို ပြောင်းရွှေ့ခံလိုက်ရပါတယ်။ အဲဒီနေရာမှာ အားဖေးတစ်ယောက် စည်းကမ်းမရှိတာကို လုံးဝမနှစ်သက်တဲ့ အေးဆေး နေတတ်တဲ့ ရုံးစာရေး ဂျွန်နီ နဲ့ တွေ့ဆုံပြီး ရန်သူတွေ ဖြစ်သွားကြပါတယ်။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အားဖေးရဲ့အဖေနဲ့ ဂျွန်နီရဲ့အမေတို့က ချစ်သူတွေ ဖြစ်သွားပြီး လက်ထပ်လိုက်ကြတဲ့အခါမှာတော့... ဒီလင်ပါမယားပါညီအစ်ကို နှစ်ယောက်ဟာ တစ်မိုးအောက်မှာ ဘယ်လိုနည်းနဲ့မဆို အတူတူနေထိုင်ဖို့ ဖြစ်လာပါတော့တယ်။ စရိုက်မတူတဲ့ သူတို့နှစ်ယောက်ဟာ အလုပ်မှာရော အိမ်မှာပါ အမြဲတမ်း တကျက်ကျက်နဲ့ ရန်ဖြစ်နေကြပေမဲ့ နောက်ဆုံးမှာတော့ အမှုကြီးတစ်ခုကို အတူတူ ပူးပေါင်းဖြေရှင်းရင်း တကယ့်ညီအစ်ကိုရင်းတွေလို သံယောဇဉ်ဖြစ်သွားကြပုံကို ဟာသနှောပြီး ရိုက်ကူးထားပါတယ်။ ကဲ အားဖေးနဲ့ ဂျွန်နီတို့ မူးယစ်ဆေးဝါးအမှုတစ်ခုကိုလိုက်ရင်း ဘယ်လို အလွဲလေးတွေ ဆက်ဖြစ်မှာလဲ.... မတည့်အတူနေ ရဲညီအစ်ကိုနှစ်ယောက်ရဲ့ ဟာသအလွဲလေးတွေကို ရယ်မောရင်း ပေါ့ပေါ့ပါးပါးနဲ့ ခံစားကြည့်ရှုရမယ့် အက်ရှင် ဟာသ ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thandar Hlaing ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း