ဇာတ်ကားများ ရွေးရန်

Zeta

2026ဇာတ်ကားWeb-dl 1080p

Amazon Prime ကနေ အသစ်ထွက်ရှိထားတဲ့ စပိန် Action/Thriller ဇာတ်ကားသစ်လေးပါ။ မင်းသားကတော့ စပိန်ကားပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်မယ့် နာမည်ကြီးမင်းသား Mario Casas ပါ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက တိုင်းပြည်အတွက် အသက်ပေးပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ စပိန် ထောက်လှမ်းရေး အရာရှိဟောင်း ၄ ယောက် ဆက်တိုက် လုပ်ကြံသတ်ဖြတ်ခံရတဲ့ အချိန်ကနေ စထားပါတယ်။ ဒီလို ထိပ်တန်းအရာရှိတွေ အသတ်ခံရတဲ့ ကိစ္စကို လျှို့ဝှက်စုံစမ်းဖို့အတွက် အစိုးရက "Zeta" လို့ နာမည်ဝှက်ပေးထားတဲ့ အထူးအေးဂျင့် တစ်ယောက်ကို တာဝန်ပေးလိုက်ရပါတယ်။ Zeta ဟာ သာမန်အေးဂျင့်တွေနဲ့ မတူဘဲ တစ်ယောက်တည်း သီးသန့်ခွဲထွက်ပြီး အလုပ်လုပ်တတ်တဲ့ သူမျိုးပါ။ သူဟာ ဒီလူသတ်မှုတွေ နောက်ကို လိုက်ရင်းနဲ့ ဒါဟာ သာမန် လုပ်ကြံမှုတွေ မဟုတ်ဘဲ အစိုးရ အဖွဲ့အစည်းတွေထဲအထိ အမြစ်တွယ်နေတဲ့ ကြီးမားတဲ့ လျှို့ဝှက်ချက်ကြီး တစ်ခုနဲ့ ဆက်စပ်နေမှန်း သိလိုက်ရပါတော့တယ်။ ဒီလိုနဲ့ တရားခံအစစ်ကို ရှာဖွေရင်း သူ့ရဲ့ အသက်အန္တရာယ်ပါ ခြိမ်းခြောက်ခံလာရတဲ့ အချိန်မှာ... Zeta တစ်ယောက် ဘယ်လို လွတ်မြောက်အောင် ရုန်းထွက်ပြီး အမှန်တရားကို ဖော်ထုတ်မလဲ ဆိုတာကို အက်ရှင် အခန်းကြမ်းကြမ်းတွေ၊ လှည့်ကွက်တွေနဲ့အတူ ရင်တမမ ကြည့်ရှုရမယ့် ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Kim ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း