ဇာတ်ကားများ ရွေးရန်

Fall In Love At First Kiss

2019ဇာတ်ကားWeb-dl 1080p

ဒီတစ်ခေါက်မှာတော့ manga series ဖြစ်တဲ့ Itazura na Kiss ရဲ့Remake Versionဖြစ်ပြီး ချစ်စရာကောင်းတဲ့ school romance ဇာတ်ကားကောင်းလေးဖြစ်တဲ့ "Fall In Love At First Kiss.2019"ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း "ကျွန်မရဲ့ အိမ်မက်က ကျန်းကျီရှုးပဲ... ပြီးတော့ ကျွန်မ ထူးချွန်တဲ့ အရာကလည်း ကျန်းကျီရှုးကို ချစ်တာပဲ" ယွမ်ရှန့်ချင်ဟာ စာမတော်ပေမယ့် စိတ်ရင်းကောင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ကျောင်းမှာ ဉာဏ်အရမ်းကောင်းပြီး အေးအေးဆေးဆေးနေတတ်တဲ့ ကျန်းကျီရှုးကို ချစ်သွားပြီး ဖွင့်ဟဝန်ခံခဲ့သော်လည်း ကျန်းကျီရှုးရဲ့ ပြတ်ပြတ်သားသားပဲ ငြင်းပယ်ခြင်းကိုခံလိုက်ရပါတယ်။ဒါပေမယ့် ရှန့်ချင်က လက်မလျော့ခဲ့ပါဘူး။တစ်နေ့မှာတော့ ကံအကြောင်းဖန်လာပြီး ငလျင်ဘေးကြောင့် ရှန့်ချင်ရဲ့အိမ်ပျက်စီးသွားတဲ့အတွက် ကျီရှုးတို့မိသားစု ရဲ့အိမ်မှာသွားနေဖို့ ဖြစ်လာပါတော့တယ်။ သူတို့နှစ်ယောက်ဟာ အိမ်တစ်အိမ်ထဲမှာ အတူနေထိုင်ရင်း ရှန့်ချင်ရဲ့မလျော့သောဇွဲနဲ့ ကျန်းကျီရှုးရဲ့ မာနကြီးပြီးအေးတိအေးစက်နေတတ်တဲ့ စရိုက်အကြား ဘယ်လိုတွေဆက်ဖြစ်ကြမလဲ...ရှန့်ချင်ရဲ့ အိမ်မက်ဖြစ်တဲ့ ကျန်းကျီရှုးရဲ့ ချစ်သူအဖြစ်ကရော လက်တွေ့ဖြစ်လာနိုင်ပါမလား..?အဆုံးသတ်သူတို့နှစ်ယောက် ပေါင်းဖက်နိုင်ပါ့မလား ဆိုတာကို ရိုမန်တစ်ဆန်ဆန် ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်ရှင်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း