Good Bad Ugly
နာမည်ကျော်လူမိုက်ကြီး AK ဟာ သူ့မိန်းမရဲ့ တောင်းဆိုမှုနဲ့ လူမိုက်ဘဝကို စွန့်လွှတ်ဖို့ ထောင်ထဲဝင်ခဲ့တယ်။ ထောင် ၁၇ နှစ်ကျပြီး သားလေး ဗီဟန်ရဲ့ ၁၈ နှစ်ပြည့်မွေးနေ့မှာ ပြန်ထွက်လာနိုင်ခဲ့ပေမယ့် သားဖြစ်သူကို မူးယဇ်ဆေးမှုနဲ့စွပ်စွဲပြီး ထောင်ထဲ ထည့်လိုက်ကြတယ်။ ဒီစွပ်စွဲမှုရဲ့ နောက်ကွယ်မှာတော့ အနက်ရောင်ဝံပုလွေဂိုဏ်းက ဂျွန်နီနဲ့ ဂျေမီ ဆိုတဲ့ အမွှာညီအစ်ကို ရှိနေတာဖြစ်ပါတယ်။ သားလေးကို မွေးပြီးကတည်းက ထိတွေ့ခွင့်တောင် မရခင် ထောင်ထဲဝင်ခဲ့ပြီး ၁၇ နှစ်ကြာမှ ပြန်လာခဲ့ပေမယ့် သားဖြစ်သူက ထောင်ထဲပြန်ရောက်ရချိန်မှာ လူမိုက်ကြီး AK တစ်ယောက် သားအတွက် ဘယ်လိုတွေ ရင်ဆိုင်ပေးမလဲ ဒီစွပ်စွဲခံရမှုရဲ့နောက်ကွယ်က အကြောင်းရင်းက AK ရဲ့ရန်ငြိုးဟောင်းတွေကြောင့် ဟုတ်ပါ့မလား ဆိုတာကို အမိုက်စားကြည့်ရှုရမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ AK အဖြစ် မင်းသား Ajith Kumar ၊ ဂျွန်နီ နဲ့ ဂျမ်မီ အဖြစ် မင်းသား Arjun Das နဲ့ ရမ်ယာ အဖြစ် မင်းသမီး Trisha Krishnan တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း