New World
ကိုရီးယား ဂိုဏ်းစတားဇာတ်ကားတွေထဲမှာ ထိပ်တန်းစာရင်းဝင်ပြီး ရဲလျှို့ဝှက်အေးဂျင့်ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ New World ဟာ မှုခင်း၊ စုံထောက်နဲ့ အက်ရှင် ဇာတ်လမ်းကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ Masterpiece တစ်ကားဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့ အကြီးဆုံး ရာဇဝတ်ဂိုဏ်းကြီးဖြစ်တဲ့ Goldmoon ဂိုဏ်းရဲ့ ခေါင်းဆောင်ကြီး ကားအက်ဆီးဒင့်နဲ့ ရုတ်တရက် သေဆုံးသွားပါတော့တယ်။ ခေါင်းဆောင်နေရာဆက်ခံဖို့ ဂိုဏ်းရဲ့ ဒုတိယခေါင်းဆောင် ဂျောင်ချောင်နဲ့ နောက်ထပ် အာဏာရှိတဲ့ အီဂျုံဂူ တို့ကြား အားပြိုင်မှုတွေ ပြင်းထန်လာပါတယ်။ ဒီအချိန်မှာ ရဲတပ်ဖွဲ့ကလည်း New World ဆိုတဲ့ စစ်ဆင်ရေးကိုစတင်ပြီး ဂိုဏ်းရဲ့အာဏာလွှဲပြောင်းမှုကြားထဲ ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်လမ်းရဲ့ အဓိကအသက်ကတော့ Goldmoon ဂိုဏ်းထဲမှာ ၈ နှစ်ကြာ လျှို့ဝှက်ဝင်ရောက်နေတဲ့ ရဲအရာရှိ အီဂျာဆောင်း ပါပဲ။ သူဟာ ဂိုဏ်းရဲ့ ဒုတိယခေါင်းဆောင် ဂျောင်ချောင်ရဲ့ ညာလက်ရုံးဖြစ်နေပြီး သူတို့နှစ်ယောက်ကြားက သံယောဇဉ်က ညီအစ်ကိုအရင်းတွေလို နက်ရှိုင်းပါတယ်။ တစ်ဖက်မှာလည်း သူ့ကို အမြဲတမ်း အကျပ်ကိုင်ခိုင်းစေနေတဲ့ ဌာနမှူးဂန်ရဲ့ဖိအားတွေ ရှိနေပါတယ်။ ရဲဘဝကို စွန့်လွှတ်ချင်နေပြီဖြစ်တဲ့ အီဂျာဆောင်းတစ်ယောက် တာဝန်သိစိတ်နဲ့ ညီအစ်ကိုသံယောဇဉ်ကြားမှာ ဘယ်လိုရွေးချယ်မှုတွေ ပြုလုပ်သွားမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း