GOAT
"GOAT" (2026) ကတော့ Spider-Verse ကားတွေကို ဖန်တီးခဲ့တဲ့ Sony Pictures Animation ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ အသစ်ထွက်ရှိထားတဲ့ အမိုက်စား မိသားစုကြည့် 3D Animation ရုပ်ရှင်ကားသစ်လေးပါ။ ဒီကားကို နာမည်ကြီး ဘတ်စကတ်ဘော ကစားသမား Stephen Curry ကိုယ်တိုင် ပါဝင်ထုတ်လုပ်ထားပြီး အသံသရုပ်ဆောင်အနေနဲ့လည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက တိရစ္ဆာန်တွေချည်းပဲ နေထိုင်တဲ့ ကမ္ဘာကြီးတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ အဲ့ဒီကမ္ဘာမှာ "Roarball" လို့ခေါ်တဲ့ ဘတ်စကတ်ဘောနဲ့တူပေမယ့် ပိုပြီးကြမ်းတမ်းတဲ့ အားကစားတစ်ခုက အရမ်းခေတ်စားပါတယ်။ Roarball ဟာ အလွန်အန္တရာယ်များတဲ့အတွက် ကြံ့၊ ကျားသစ်၊ ဆင်၊ မြင်း စတဲ့ ခန္ဓာကိုယ်ထွားကျိုင်းပြီး သန်မာတဲ့ တိရစ္ဆာန်ကြီးတွေသာ ကစားနိုင်တဲ့ အားကစားတစ်ခုပါ။ ဒါပေမယ့် ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Will Harris ဆိုတဲ့ ဆယ်ကျော်သက် ဆိတ်ကလေးကတော့ Roarball ကစားသမားတစ်ယောက် ဖြစ်လာဖို့ အိပ်မက်မက်နေသူပါ။ သူက သေးငယ်တဲ့ တိရစ္ဆာန်လေး ဖြစ်နေတဲ့အတွက် ပတ်ဝန်းကျင်က သူ့ကို "အကောင်သေးတွေက ဘောလုံးမကစားနိုင်ဘူး" ဆိုပြီး အမြဲလှောင်ပြောင်လေ့ရှိပါတယ်။ Will ရဲ့ အိုင်ဒေါကတော့ သူ့မြို့က ရှုံးပွဲတွေ ဆက်တိုက်ကြုံနေရတဲ့ Vineland Thorns အသင်းရဲ့ နာမည်ကြီး ကစားသမား Jett Fillmore ပါ။ တစ်နေ့မှာတော့ Will ဟာ ပြိုင်ဘက်အသင်းက ချန်ပီယံ မြင်းကြီး Mane Attraction နဲ့ လမ်းဘေးမှာ တစ်ယောက်ချင်း ယှဉ်ပြိုင်ကစားရင်း သူ့ရဲ့ အရည်အချင်းတွေကို ပြသနိုင်ခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုက အင်တာနက်မှာ နာမည်ကြီးသွားတဲ့အခါ Vineland Thorns အသင်းရဲ့ ပိုင်ရှင် ဝက်ဝံမကြီး Flo က လက်မှတ်တွေ ပိုရောင်းရအောင်ဆိုပြီး Will ကို သူတို့အသင်းမှာ ဝင်ကစားဖို့ ခေါ်ယူလိုက်ပါတော့တယ်။ အသင်းထဲရောက်သွားတဲ့အခါ ခန္ဓာကိုယ်ကြီးမားတဲ့ သူ့ရဲ့အသင်းဖော်တွေနဲ့ အိုင်ဒေါဖြစ်သူ Jett တို့က ဆိတ်ပုလေး Will ကို အသင်းဖော်အဖြစ် အသိအမှတ်မပြုချင်ကြပါဘူး။ Will တစ်ယောက် သူ့ရဲ့ အရွယ်အစားက အတားအဆီးတစ်ခု မဟုတ်ဘူးဆိုတာကို ဘယ်လိုသက်သေပြမလဲ၊ တစ်ယောက်တစ်ပေါက် ဖြစ်နေတဲ့ အသင်းသားတွေကို စည်းလုံးအောင် ဘယ်လိုလုပ်ပြီး ချန်ပီယံဆုကြီးဆီ ခေါ်သွားမလဲဆိုတာကို အက်ရှင်အမိုက်စား၊ ရုပ်ထွက်အလန်းစားတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် Underdog အားကစား ဇာတ်ကားကောင်းလေး ဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းရယ် ဘာသာပြန်ပေးသူကတော့ Kim ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း