ဇာတ်ကားများ ရွေးရန်

Henry V

1989ဇာတ်ကားBlu-ray 1080p

"ဒီနေ့ ငါနဲ့အတူ သွေးမြေကျတဲ့သူတိုင်းဟာ ငါ့ရဲ့ ညီအစ်ကို ဖြစ်လာလိမ့်မယ်" ဒီတစ်ခါ ပရိသတ်ကြီးအတွက် ဂန္ထဝင်မြောက် သမိုင်းဝင်စစ်ပွဲကြီးတစ်ခုနဲ့အတူ ကြည်နူးစရာ အချစ်ဇာတ်လမ်းလေးကိုပါ တစ်ပါတည်း ခံစားရမဲ့ "ဟင်နရီ ၅ (𝐇𝐞𝐧𝐫𝐲 𝐕)" ဆိုတဲ့ ရုပ်ရှင်ကားကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်... ဒီကားကြီးကတော့ နာမည်ကျော် စာရေးဆရာကြီး ဝီလျံရှိတ်စပီးယားရဲ့ ပြဇာတ်ကို အသက်သွင်းထားတာဖြစ်ပြီး အင်္ဂလန်ရဲ့ လူငယ်ဘုရင်လေး ဟယ်ရီ (ဟင်နရီ ၅) အဖြစ်ကနေ ပြင်သစ်ထီးနန်းကို သိမ်းပိုက်မယ့် ခရီးစဉ်ကြီးအကြောင်းကို အမိုက်စား ရိုက်ကူးတင်ဆက်ထားတာပါ။ ငယ်ရွယ်ပြီး အထင်သေးခံထားရတဲ့ ဘုရင်လေး ဟယ်ရီတစ်ယောက် သူ့ရဲ့ အင်အားနည်းပါးပြီး ဖျားနာဆာလောင်နေတဲ့ စစ်တပ်လေးကို ဦးဆောင်ပြီး ပြင်သစ်မြေပေါ် ခြေချလာတဲ့အခါ တစ်ဖက်မှာ အင်အား ခြောက်သောင်းကျော်နဲ့ သူတို့ထက် ငါးဆလောက် သာလွန်နေတဲ့ ပြင်သစ်စစ်တပ်ကြီးက အသင့်စောင့်ကြိုနေခဲ့ပါတယ်။ "ပြင်သစ်ဘုရင် မဖြစ်ရဘူးဆိုရင် အင်္ဂလန်ဘုရင်လည်း မလုပ်တော့ဘူး" -----ဟယ်ရီ----- မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ ဒီ အက်ဂျင်ကုတ် (Agincourt) စစ်ပွဲကြီးမှာ ဟယ်ရီတစ်ယောက် သူ့စစ်သားတွေကို ဘယ်လို စိတ်ဓာတ်ခွန်အားတွေပေးပြီး သွေးချောင်းစီး တိုက်ပွဲဝင်ကြမလဲ... အတွင်းကြိတ် သစ္စာဖောက်မှုတွေနဲ့ နိုင်ငံရေး လှည့်ကွက်တွေကိုရော ဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမလဲ ဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမှာပါ ဒါပေမဲ့ ဒီကားကြီးက သွေးထွက်သံယို စစ်ပွဲတွေချည်းပဲလားဆိုတော့ မဟုတ်ပါဘူးနော်။ စစ်မြေပြင်မှာ ကျားတစ်ကောင်လို ရဲရဲတောက် ခက်ထန်တဲ့ ဘုရင်ကြီး ဟယ်ရီတစ်ယောက် စစ်ပွဲလည်းပြီးရော ချောမောလှပတဲ့ ပြင်သစ်မင်းသမီးလေး ကက်သရင်း ရှေ့မှာကျတော့ ဘယ်လိုလေးတွေများ အူကြောင်ကြောင်နိုင်ပြီး ရိုမန့်တစ် ဆန်သွားမလဲ... "မင်း ငါ့ကို လက်ခံပါ... စစ်သားတစ်ယောက်ကို လက်ခံလိုက်တာ ဘုရင်တစ်ပါးကို လက်ခံလိုက်တာပါပဲ" -----ဟယ်ရီ----- မပီကလာ ပီကလာ ပြင်သစ်စကားလေးနဲ့ ကြိုးစားပမ်းစား အချစ်ရေး ပိုးပန်းတဲ့ ဟယ်ရီနဲ့ မင်းသမီးလေး ကက်သရင်းတို့ရဲ့ ဇာတ်ဝင်ခန်းလေးတွေကတော့ ပရိသတ်တွေကို အချစ်နဲ့ စစ် ကြားမှာ အပြုံးလေးတွေ ဝေစေမှာ အသေအချာပါပဲ။ ရဲရင့်ခြင်း၊ သစ္စာရှိခြင်း၊ အမိုက်စား ခေါင်းဆောင်မှုတွေနဲ့အတူ ချိုမြိန်တဲ့ ချစ်ခြင်းမေတ္တာတွေကိုပါ ရသစုံလင်စွာ ပုံဖော်ထားတဲ့ ဒီ "ဟင်နရီ ၅ (𝐇𝐞𝐧𝐫𝐲 𝐕)" ဇာတ်ကားကြီးကို ခုပဲ အပြေးလေး သွားကြည့်လိုက်ကြရအောင်နော်

ဇာတ်လမ်းအကြောင်း