Lost in the Pacific
ဒီတစ်ခေါက်မှာတော့ သည်းထိတ်ရင်ဖို အက်ရှင်ကားကိုမှကြိုက်နှစ်သက်တဲ့ ပရိတ်သတ်ကြီးတွေအတွက် "Lost in the Pacific" (2016) ဆိုတဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင်ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း သန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ်တဲ့ မစ္စတာကောင်းဟာ သူပိုင်ဆိုင်တဲ့ အထူးဇိမ်ခံ လေယာဉ် Ocean Air A390 ရဲ့ ပထမဆုံးခရီးစဉ်ဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာဖြတ်ကျော်ခြင်းခရီးစဉ်ကိုခမ်းခမ်းနားနား စတင်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ကမ္ဘာကျော် အနုပညာရှင်တွေ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အထူးဧည့်သည်တော်တွေ လိုက်ပါလာကြပါတယ်။ ဒါပေမဲ့ ခရီးစဉ်စတင်ပြီး မကြာခင်မှာပဲ လေယာဉ်ဟာ အရေးပေါ်အခြေအနေကြောင့် ပစိဖိတ်သမုဒ္ဒရာအတွင်းက ကျွန်းတစ်ခုမှာရှိတဲ့ စွန့်ပစ်ထားသော လေယာဉ်ကွင်းကို မမျှော်လင့်ဘဲ ဆင်းသက်လိုက်ရပါတယ်။သို့သော် အဲ့ဒီကျွန်းဟာ လျှို့ဝှက်ချက်တွေ ပြည့်နှက်နေပြီး သာမန်မဟုတ်တဲ့ မျိုးဗီဇပြောင်းလဲနေတဲ့ သတ္တဝါဆိုးတွေကြီးစိုးရာ နေရာဖြစ်နေခဲ့ရာမှာတော့ လေယာဉ်ပေါ်မှာ ပါလာတဲ့ ခရီးသည်တွေဟာ ကျွန်းပေါ်က သတ္တဝါဆိုးတွေရဲ့ ရန်ကိုသာမက လေယာဉ်ကို ပြန်ပေးဆွဲဖို့ ကြိုးစားနေတဲ့ လက်နက်ကိုင် လူဆိုးအုပ်စုရဲ့ အန္တရာယ်ကိုပါ တစ်ပြိုင်နက် ရင်ဆိုင်ရလာရပါတော့တယ်။ထိုအကြပ်အတည်းဖြစ်နေတဲ့အချိန်မှာ တွဲဖက်အမျိုးသမီးလေယာဉ်မှူး ရော့ရှင်းနဲ့ စားဖိုမှူး မိုက်(အထူးတပ်ဖွဲ့ဝင်ဟောင်း) တို့ဟာ ခရီးသည်တွေရဲ့ အသက်ကို ကယ်တင်ပြီး သတ္တဝါဆိုးတွေရဲ့ ရန်ကနေ လွတ်မြောက်ဖို့နဲ့ ပျက်စီးလုနီးပါး ဖြစ်နေတဲ့ လေယာဉ်ကြီးကို လေယာဉ်တင်သင်္ဘောပေါ် အောင်မြင်စွာ ဆင်းသက်နိုင်ဖို့အတွက် အသက်စွန့်ပြီး ကြိုးစားရပါတော့တယ်။ သူတို့လေယာဉ်ဟာ သင်္ဘောပေါ်ကို အန္တရာယ်ကင်းကင်းနဲ့ ဆင်းသက်နိုင်ပါ့မလား...? သတ္တဝါဆိုးတွေရဲ့ရန်ကရော အသက်ရှင်လွတ်မြောက်နိုင်ပါ့မလား....? ထိုဗီဇပြောင်းသတ္တဝါဆိုးတွေကရော ဘယ်လိုကနေ စတင်ဖြစ်ပေါ်လာတာလဲဆိုတာကို မင်းသားကြီးBrandon Routhနဲ့ တရုတ်မင်းသမီးZhang Yuqiတို့ရဲ့ အတွဲညီညီသရုပ်ဆောင်မှုများနဲ့အတူ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားကြရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းရေးသားသူနဲ့ဘာသာပြန်သူကတော့ Mike ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း