ဇာတ်ကားများ ရွေးရန်

Protégé

2007ဇာတ်ကားBlu-ray 1080p

ဒီဇာတ်ကားလေးကတော့ Derek Yee ရိုက်ကူးထားပြီး ​​ဟောင်​ကောင် နာမည်ကြီး သရုပ်ဆောင်​​တွေ​ဖြစ်တဲ့ Andy Lau, Daniel Wu, Louis Koo နဲ့ Zhang Jingchu တို့ အားပြိုင်ထားတဲ့ ''Protege''လို့အမည်ရတဲ့ Crime/Drama အမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မူးယစ်ဆေးဝါးလောကရဲ့ အမှောင်ဖုံးနေတဲ့ အစိတ်အပိုင်းတွေကို ခပ်စိမ်းစိမ်းနဲ့ ရဲရဲဝံ့ဝံ့ ပုံဖော်ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ထောက်လှမ်းရေးရဲအရာရှိ အားလိ(Daniel Wu)ဟာ မူးယစ်ရာဇာကြီး လင်ကွင်း (Andy Lau) ရဲ့ ယုံကြည်မှုကို ရအောင် ၈ နှစ်ကြာအောင် အချိန်ယူပြီး ညာလက်ရုံးတစ်ဆူဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ မူးယစ်ရာဇာ​ကြီး အားကွင်းတစ်ယောက်ကျန်းမာရေးချို့တဲ့လာတဲ့အခါ သူ့ရဲ့ မူးယစ်အင်ပါယာကို အားလိ လက်ထဲ လွှဲပေးဖို့ ပြင်ဆင်လာပါတယ်။ ဒီအချိန်မှာ သူယုံကြည်အားကိုးရတဲ့ ညာလက်ရုံးဟာ သူ့ကို ထောင်ထဲပို့ပြီး သေမင်းတံခါးဝကို ပို့ဆောင်မယ့်သူဖြစ်မှန်း သိလိုက်ရချိန်မှာတော့.... မူးယစ်ရာဇာကြီးရဲ့ နေဝင်ချိန် ကျရောက်လာပါတော့တယ်... တစ်ဖက်မှာလည်း အားလိတစ်ယောက် မူးယစ်ဆေးစွဲနေတဲ့ မိခင်တစ်ဦးကို ကူညီရင် မူးယစ်ဆေးရဲ့ဆိုးကျိုးတွေကို တွေ့မြင်လာကာ ''လူတွေ ဘာလို့ မူးယစ်ဆေးသုံးတာလဲ" ဆိုတဲ့ မေးခွန်းကို အဖြေရှာပါတော့တယ်။ မူးယစ်ဆေးဝါးကြောင့် ပျက်စီးသွားရတဲ့ ဘဝတွေ သစ္စာဖောက်မှုတွေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုက်ပွဲတွေကို အလေးပေး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း