ဇာတ်ကားများ ရွေးရန်

Refuge

2026ဇာတ်ကားWeb-dl 1080p

ဇာတ်လမ်းအစမှာ ဆယ်နှစ်အရွယ်သမီးဖြစ်သူ ပျောက်သွားလို့ အဖေဖြစ်သူက 911 ကိုဖုန်းဆက်တိုင်တာကနေ စပါတယ်။ အဲဒီလူက ဆမ်ဖြစ်ပြီး သူ့သမီး‌လေးဆိုဖီက ရုတ်တရက်ပျောက်သွားတဲ့အတွက် ဆောက်တည်ရာမရဖြစ်ပြီး ရဲတိုင်တာပါ။ ရဲတွေလည်း တစ်မြို့လုံးအနှံ့ ရှာဖွေမှုတွေ လုပ်ပေမယ့် ဆိုဖီက အစအနရှာမရအောင် ပျောက်နေပြီး ဘယ်လိုမှ မတွေ့ပါဘူး။ ဒီလိုနဲ့ လေးနှစ်ကျော်ကြာပြီးတဲ့နောက်မှာ ဆမ်က မဆုံတာကြာတဲ့ သူ့သူငယ်ချင်းလေးယောက်နဲ့ ငါးဖမ်းခရီးထွက်ခဲ့ပါတယ်။ လူသူမနီးတဲ့ အိမ်မှာ သူတို့တည်းကြပြီး သောက်စားပျော်ပါးနေခဲ့တာပေါ့။ သူတို့လေးယောက်မှာ မိုက်နဲ့ဂျေးက ညီအစ်ကိုတွေဖြစ်ပြီး ဘယ်ရီနဲ့ဆမ်တို့ပါပါတယ်။ ဒါမဲ့ သူတို့မူးပြီးမှောက်သွားရာကနေ သတိရတဲ့အခါမှာတော့ မိုက်၊ ဂျေးနဲ့ ဘယ်ရီတို့က ခုံတွေမှာ ကြိုးတုပ်လျက်သားဖြစ်နေပြီး ဆမ်က သူတို့သုံးယောက်ထဲက တစ်ယောက်က သူ့သမီးပျောက်ဆုံးမှုနဲ့ ပတ်သက်နေတယ်လို့ စွပ်စွဲပါတော့တယ်။ ဒါကလည်း ဆိုဖီက သူ့ဒိုင်ယာရီထဲမှာ ဆမ်ရဲ့သူငယ်ချင်းတစ်ယောက်နဲ့ ခင်ကြောင်း သူ့အဖေမသိအောင် ဖုန်းဝယ်ပေးကြောင်း ထည့်ရေးထားလို့ပါ။ ဒါကြောင့် သမီးကိုရှာချင်တဲ့ဆမ်က ဒီသုံးယောက်ဆီကနေ သိရအောင် စစ်ဆေးပါတယ်။ သူတို့ထဲက တကယ့်တရားခံအစစ်က ဘယ်သူဖြစ်မလဲ သေမယ့်ဘေးနဲ့ ကြုံရတဲ့အခါ တခြားဘယ်လိုလျှို့ဝှက်ချက်တွေ ပေါ်လာဦးမလဲဆိုတာ ရင်တမမနဲ့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း