ဇာတ်ကားများ ရွေးရန်

Macbeth

2015ဇာတ်ကားBlu-ray 1080p

"ဒီလက်ပေါ်က သွေးစွန်းရာတွေကို သမုဒ္ဒရာရေတွေအကုန်သုံးပြီး ဆေးကြောရင်တောင် ပြောင်စင်သွားနိုင်ပါ့မလား... ဒါမှမဟုတ် ငါ့လက်ကပဲ သမုဒ္ဒရာတစ်ခုလုံးကို သွေးရောင်လွှမ်းသွားစေမှာလား..." ရည်မှန်းချက်ကြီးမားမှု၊ သစ္စာဖောက်မှု၊ အာဏာမက်မောမှုနဲ့ ကြောက်မက်ဖွယ် လူသတ်မှုတွေကြားက စိတ်ဝိညာဉ်ကို လှုပ်ခတ်စေမယ့် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တဲ့ Macbeth (2015) နဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ကတော့ စကော့တလန်ပြည်ရဲ့ သတ္တိဗျတ္တိနဲ့ ပြည့်စုံပြီး တိုင်းပြည်အပေါ် သစ္စာရှိတဲ့ စစ်သူကြီး မက်တ်ဘတ် (Macbeth) ပဲ ဖြစ်ပါတယ်။ သူဟာ စစ်ပွဲတစ်ခုအပြီး အပြန်လမ်းမှာ ကြုံတွေ့ခဲ့ရတဲ့ စုန်းမသုံးပါးရဲ့ ဟောကိန်းတစ်ခုကြောင့် သူ့ရဲ့ ကံကြမ္မာဟာ လုံးဝပြောင်းလဲသွားခဲ့ပါတယ်။ "မင်းဟာ တစ်နေ့မှာ ဘုရင်ဖြစ်လာလိမ့်မယ်" ဆိုတဲ့ ဟောကိန်းက သူ့ရဲ့ ရင်ထဲက တိတ်တဆိတ် ဖုံးကွယ်ထားတဲ့ အာဏာမက်မောမှုတွေကို မီးမွှေးပေးလိုက်သလိုပါပဲ။ သူ့ရဲ့ ရည်မှန်းချက်ကြီးမားပြီး ပြတ်သားတဲ့ ဇနီးသည် လေဒီ မက်တ်ဘတ် (Lady Macbeth) ရဲ့ ပြင်းထန်တဲ့ တွန်းအားပေးမှုတွေ ပါဝင်လာတဲ့အခါမှာတော့... အရာရာဟာ ပြန်လှည့်မရတဲ့ လမ်းကြောင်းပေါ် ရောက်သွားခဲ့ပါပြီ သူ့အပေါ် အလွန်ယုံကြည်လေးစားတဲ့ ဘုရင်ကြီး ဒန်ကန် (Duncan) ကို ကိုယ်တိုင် ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ပြီး သွေးစွန်းနေတဲ့ ရာဇပလ္လင်ကို သိမ်းပိုက်လိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ သစ္စာဖောက်မှုက အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့ပါတယ်။ ဒါပေမဲ့... သွေးနဲ့ရင်းပြီး ရလာတဲ့ သရဖူဟာ သူ့အတွက် အေးချမ်းမှုကို ပေးနိုင်ခဲ့ပါ့မလား? ထီးနန်းကို ကာကွယ်ဖို့အတွက် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကိုပါ ထပ်မံလုပ်ကြံရင်း... မက်တ်ဘတ်တစ်ယောက် အပြစ်ရှိစိတ်တွေ ထင်ယောင်ထင်မှားဖြစ်မှုတွေနဲ့ ရူးသွပ်ခြင်း လမ်းကြောင်းပေါ်ကို ရောက်ရှိသွားခဲ့ပါပြီ။ ~"လောဘနဲ့ ရည်မှန်းချက်တွေက လူတစ်ယောက်ကို ဘယ်လောက်အထိ ဖျက်ဆီးပစ်နိုင်လဲ?" ~သွေးစွန်းနေတဲ့ လက်နဲ့ တည်ဆောက်ထားတဲ့ ထီးနန်းကို မက်ကဘတ်တစ်ယောက် ဘယ်လိုဆက်ပြီး ထိန်းသိမ်းမလဲ ~အပြစ်ရှိစိတ်ကြောင့် ခြောက်လှန့်နေတဲ့ ဝိညာဉ်တွေကြားမှာ သူနဲ့ သူ့ဇနီးသည်တို့ ဘယ်လို ရုန်းကန်ရမလဲ. ~စုန်းမတွေရဲ့ နောက်ထပ် ဟောကိန်းတွေကရော သူ့ကို ကယ်တင်မှာလား သေတွင်းထဲ ဆွဲချသွားမှာလား ဆိုတာတွေကိုတော့ ဝီလျံရှိတ်စပီးယားရဲ့ နာမည်ကျော် ပြဇာတ်ကို အသက်ဝင်ဆုံးနဲ့ အနုပညာမြောက်ဆုံး ပုံဖော်ရိုက်ကူးထားတဲ့ "Macbeth (2015)" ဇာတ်ကားကြီးမှာ ရင်တမမနဲ့ စောင့်မျှော်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ဇာတ်လမ်းအကြောင်း