ဇာတ်ကားများ ရွေးရန်

Ekka

2025ဇာတ်ကားWeb-dl 1080p

မျှော်လင့်ချက် အပြည့်နဲ့ မြို့ကြီးပြကြီးကို ရောက်လာပြီး ရိုးရိုးသားသား အငှားကားမောင်း အသက်မွေးနေတဲ့ လူငယ်တစ်ယောက်... သူ့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က အကြွေးတင်နေတဲ့ ရွာကအိမ်လေးကို ပြန်ရွေးဖို့ပါပဲ။ နေ့ခင်းဘက်မှာ ချစ်စရာကောင်းတဲ့ ကျောင်းသူကလေးငယ်လေးကို ကျောင်းပို့ ညဘက်မှာ ခရီးသည်ပို့ရင်း ရိုးရှင်းအေးချမ်းတဲ့ ဘဝလေးကို တည်ဆောက်နေခဲ့ပါတယ်။ ဒါပေမဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းက ရက်စက်လွန်းလှပါတယ်။ မမျှော်လင့်ဘဲ မြို့ကို စိုးမိုးထားတဲ့ မြေအောက်လောက လူမိုက်ဂိုဏ်းတွေရဲ့ အားပြိုင်မှု၊ လုပ်ကြံမှုတွေကြားထဲကို သူ မတော်တဆ ရောက်ရှိသွားတဲ့အခါ... သူ့ရဲ့ ဖြူစင်တဲ့ ဘဝလေးက သွေးစွန်းတဲ့ လမ်းကြောင်းပေါ်ကို ဇွတ်အတင်း ဆွဲတင်ခံလိုက်ရပါတော့တယ်။ အပြစ်ကင်းစင်တဲ့ ကလေးငယ်တစ်ယောက် မြေစာပင်ဖြစ်သွားရတဲ့ အဖြစ်ဆိုးက သူ့ရဲ့ ရိုးရှင်းတဲ့ နှလုံးသားကို အမုန်းတရားတွေ၊ နာကျင်မှုတွေနဲ့ အစားထိုးလိုက်တဲ့အခါ... မြို့ကြီးကို ဒုက္ခပေးနေတဲ့ နောက်ကွယ်က ခေါင်းကိုင်ဖခင်ကြီးတွေကို တစ်ယောက်ချင်းစီ လိုက်လံရှင်းလင်းမဲ့ သူ့ရဲ့ ကလဲ့စားချေခရီးစဉ်က ကြည့်ရှုသူကို မျက်တောင်မခတ်ရဲလောက်အောင် ဆွဲဆောင်ထားနိုင်ပါတယ်။ တရားဥပဒေက အရေးယူဖို့ လက်တွန့်နေတဲ့ ရာဇဝတ်ကောင်တွေကို ကိုယ်တိုင် တရားသူကြီး၊ ကိုယ်တိုင် အာဏာပါးကွက်သားအဖြစ် ဝင်ရောက်စီရင်မဲ့ အက်ရှင်ပြကွက်တွေ၊ အားပြိုင်မှုတွေနဲ့ ဇာတ်ကွက်အလှည့်အပြောင်းတွေက ဒီဇာတ်ကားကို အက်ရှင်၊ ဒရာမာ၊ နဲ့ သွေးဆူချင်စရာ ကလဲ့စားချေကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ လုံးဝလက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် သက်သေပြနေပါတယ်။

ဇာတ်လမ်းအကြောင်း