Wuthering Heights
"Wuthering Heights" (၂၀၂၆) ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ရုံတင်သွားတဲ့ နာမည်ကြီး အချစ်/ဒရာမာ ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ Emily Brontë ရဲ့ နာမည်ကျော် ဂန္ထဝင်ဝတ္ထုကြီးကို "Saltburn" နဲ့ "Promising Young Woman" တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Emerald Fennell က အမိုက်စား ပုံစံသစ်နဲ့ ပြန်လည်အသက်သွင်း ရိုက်ကူးထားတာပါ။ အားလုံးရဲ့ အချစ်တော် မင်းသမီး Margot Robbie နဲ့ မင်းသား Jacob Elordi တို့က အဓိက ခေါင်းဆောင် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက ၁၈ ရာစု အင်္ဂလန်နိုင်ငံက အထီးကျန်ဆန်ပြီး မှိုင်းညို့နေတဲ့ Wuthering Heights ဆိုတဲ့ အိမ်ကြီးမှာ အခြေတည်ထားပါတယ်။ အိမ်ရှင်ဖြစ်သူ မစ္စတာ Earnshaw ဟာ တစ်နေ့မှာတော့ လမ်းဘေးက မိဘမဲ့ ကောင်လေးတစ်ယောက်ကို အိမ်ကို ခေါ်လာပြီး မွေးစားလိုက်ပါတယ်။ အဲ့ဒီကောင်လေးကို Heathcliff လို့ နာမည်ပေးလိုက်ပြီး၊ မစ္စတာ Earnshaw ရဲ့ သမီးဖြစ်သူ Catherine (Cathy) နဲ့ Heathcliff တို့ နှစ်ယောက်ဟာ ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာရင်း အရမ်းကို သံယောဇဉ်ကြီးမားတဲ့ ဆက်ဆံရေးတစ်ခု ဖြစ်လာပါတော့တယ်။ ဒါပေမယ့် သူတို့ အရွယ်ရောက်လာတဲ့အခါမှာတော့ ပြဿနာတွေ စလာပါတော့တယ်။ Cathy ဟာ Heathcliff ကို အရမ်းချစ်ပေမယ့်၊ ဆင်းရဲပြီး အဆင့်အတန်းမတူတဲ့ Heathcliff နဲ့ လက်ထပ်ဖို့ထက် ချမ်းသာကြွယ်ဝတဲ့ အိမ်နီးချင်းသူဌေးသား Edgar Linton ကို ပိုပြီး မျက်စိကျလာပါတယ်။ ဒီလိုနဲ့ Cathy တစ်ယောက် Edgar နဲ့ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ Heathcliff ရဲ့ အသည်းကွဲနာကျည်းမှုတွေကနေ တစ်ဆင့် ကြောက်စရာကောင်းတဲ့ လက်စားချေမှုတွေ၊ အစွဲအလမ်းကြီးမှုတွေ စတင်လာပါတော့တယ်။ ဒီကားက သာမန် ရိုးရိုးအချစ်ကားမျိုး မဟုတ်ဘဲ လူတွေရဲ့ စိတ်ထဲက အမှောင်မိုက်ဆုံး လိုအင်ဆန္ဒတွေ၊ အချစ်ကြောင့် ရူးသွပ်သွားတဲ့ အခြေအနေတွေကို ဒါရိုက်တာ Emerald Fennell ရဲ့ စတိုင်အတိုင်း ခပ်ကြမ်းကြမ်းနဲ့ ဆွဲဆောင်မှုရှိရှိ ရိုက်ပြထားတာပါ။ ရုပ်ထွက်ပိုင်း လှပသလို Charli XCX ရဲ့ သီချင်းတွေနဲ့ ခေတ်ဆန်ဆန် ပေါင်းစပ်ထားတဲ့အတွက် ဂန္ထဝင်ဇာတ်လမ်းကို အမြင်ဆန်းဆန်းနဲ့ ကြည့်ရှုရမယ့် ကားကောင်းတစ်ကား ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း