The Legend of Condor Hero: What is Love
ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ သိုင်းကားချစ်သူတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ''သိန်းငှက်သူရဲကောင်းများ''ကို ရုပ်ရှင်အဖြစ် ပြန်လည်မြင်တွေ့ရမယ် "Condor Hero''ဆိုတဲ့ သိုင်းဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဟွမ်ယုံရဲ့ ကျင့်ကိုကို (ကောကျင့်) ရန်ခန်းနဲ့ မုနန်ချီ တို့ဟာ သိုင်းကားချစ်သူတွေရဲ့ မေ့မရတဲ့ ဇာတ်ကောင်တွေပါ။ အခုဇာတ်ကားလေးကတော့ ရန်ခန်းနဲ့ မုနန်ချီတို့ရဲ့သား ရန်ကော်ရဲ့ဇာတ်လမ်းလေးပါ ရန်ကော်ဟာ ငယ်စဥ်ကတည်းက လောကအနှံ့လှည့်လည်သွားလာနေခဲ့သူ ဖြစ်ပါတယ်။ သူဟာ နာမည်ကျော် သိုင်းသူရဲကောင်း ကောကျင့်ရဲ့ ခေါ်ယူစောင့်ရှောက်မှုကို ရရှိခဲ့ပြီး ချွမ်ကျန်းဂိုဏ်းရဲ့ တပည့်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ မျိုးရိုးနောက်ခံကြောင့် ဂိုဏ်းအတွင်းမှာ နှိမ်ချစော်ကားမှုတွေကို ခံခဲ့ရပါတယ်။ အဲဒီလို နှိပ်စက်ညှဉ်းပန်းမှုတွေကို မခံမရပ်နိုင်ဖြစ်ရာကနေ တိုက်ဆိုင်စွာပဲ ရှောင်လုံနွီရဲ့ တပည့်အဖြစ် ပြောင်းလဲဝင်ရောက်ခဲ့ပြီး သိုင်းပညာတွေကို သင်ယူခဲ့ပါတယ်။ တစ်ခြားမျိုးနွယ်စုတွေက ရှေးဟောင်းဂူသင်္ချိုင်း(ကုမုဂိုဏ်း)အတွင်းက သိုင်းကျမ်းတွေနဲ့ ကာကွယ်ရေးစစ်မြေပုံတွေကို လုယူဖို့အတွက် ကုမုဂိုဏ်းရဲ့ တပည့်ဟောင်း လီမော့ချုံနဲ့ ပူးပေါင်းခဲ့ပါတယ်။ ရန်ကော် နဲ့ ရှောင်လုံနွီ တို့ဟာ မရည်ရွယ်ဘဲ သိုင်းလောကရဲ့ ပဋိပက္ခတွေကြားထဲ ရောက်ရှိသွားခဲ့ပြီး ဘေးဒုက္ခတွေကို အတူတူ ရင်ဆိုင်ခဲ့ကြရပါတယ်။ ဆရာနဲ့ တပည့်ကြားက သံယောဇဉ်ဟာ တဖြည်းဖြည်းနဲ့ ခါးသီးနာကျင်စရာကောင်းတဲ့ အချစ်ဇာတ်လမ်းတစ်ခုအဖြစ် ပြောင်းလဲလာချိန်မှာတော့.... ဘာတွေဆက်ဖြစ်မှာလဲ.... စိတ်ဝင်စားစရာကောင်းတဲ့ ''သိန်းငှက်သူရဲကောင်းများ''ရဲ့ မျိုးဆက်ဖြစ်တဲ့ ရန်ကော်ရဲ့အကြောင်းလေးကို ပီပီပြင်ပြင် ရိုက်ကူးပုံဖော်ထားတဲ့ သိုင်းကားချစ်သူတွေ လုံးဝ လက်မလွှတ်တမ်း စောင့်ကြည့်သင့်တဲ့ သိုင်းဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း