ဇာတ်ကားများ ရွေးရန်

Phantom of the Theatre

2016ဇာတ်ကားBlu-ray 1080p

ဒီကနေ့ M-Sub Movie Channel ကနေ တင်ဆက်ပေးချင်တာကတော့ ၁၃ နှစ်တာ ကြာညောင်းခဲ့တဲ့ အမုန်းတရားတွေ၊ နာကျည်းမှုတွေနဲ့ အကွက်ကျကျ ပြင်ဆင်ထားတဲ့ ကလဲ့စားချေမှုတွေကြားထဲက "Phantom Of The Theatre" ဆိုတဲ့ ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မိသားစုဝင် ၁၈ ယောက်လုံးကို တစ်နေရာတည်းမှာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံလိုက်ရတဲ့ ဖြစ်ရပ်ဆိုးကြီးကနေ အသက်ဘေးက လွတ်မြောက်လာခဲ့တဲ့ မောင်နှမနှစ်ယောက်...။ သူတို့ရဲ့ဘဝမှာ ပျော်ရွှင်မှုဆိုတာ ဘာမှန်းမသိဘဲ ၁၃ နှစ်တိုင်တိုင် အမုန်းတရားတွေကိုပဲ အစာကျွေးပြီး ရှင်သန်ခဲ့ကြရပါတယ်။ ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပါ... "သူတို့မိသားစုကို သတ်ခဲ့တဲ့ လူယုတ်မာ စစ်ဗိုလ်ချုပ်ကို အသေသတ်ဖို့" ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းမှာ ကလဲ့စားချေဖို့ အနီးကပ်ဆုံးအထိ ချဉ်းကပ်ခဲ့တဲ့အခါ... မိသားစုအပေါ် ထားရှိတဲ့ သံယောဇဉ်နဲ့ ကိုယ်တိုင်ချစ်မိသွားတဲ့သူကြားမှာ ဝေခွဲမရဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲ။ ဒီကားလေးက စစ်အာဏာရှင်ခေတ် နောက်ခံနဲ့ ရိုက်ကူးထားတာမို့ တင်းမာတဲ့ အငွေ့အသက်တွေနဲ့ ရင်တထိတ်ထိတ် ကြည့်ရှုရမှာပါ။ "အမုန်းတရားထက် အချစ်က ပိုပြီး ခံစားလို့ကောင်းပါတယ်" ဆိုတဲ့ စကားစုလေးက ပရိသတ်တွေရဲ့ ရင်ကို တကယ်ပဲ လှုပ်ခတ်သွားစေမှာ ဖြစ်ပါတယ်။ လူသတ်သမားဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကို တစ်သက်လုံး မထမ်းပိုးချင်ဘဲ ခွင့်လွှတ်ခြင်းနဲ့ လွတ်လပ်မှုကို ရှာဖွေသွားတဲ့ ဇာတ်ကောင်တွေရဲ့ ပြောင်းလဲမှုကို သဘာဝကျကျ မြင်တွေ့ရမှာပါ။ "ရုပ်ရှင်တစ်ကားရဲ့ အဆုံးသတ်က ကင်မရာပိတ်လိုက်ရုံနဲ့ ပျောက်ကွယ်မသွားဘူး" ဆိုသလိုပဲ... ဒီကားလေးက ကြည့်ပြီးသွားရင်လည်း ရင်ထဲမှာ အလွမ်းတစ်ခွဲ၊ နာကျည်းမှုတစ်ဝက်နဲ့ တစ်စိမ့်စိမ့် ခံစားကျန်ရစ်နေမယ့်ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းဆိုပါရစေ။ ဘာသာပြန်နှင့် အညွှန်း: Mike

ဇာတ်လမ်းအကြောင်း