ဇာတ်ကားများ ရွေးရန်

Last Ride

2023ဇာတ်ကားBlu-ray 1080p

ဇာတ်လမ်းလေးဟ,လ၁၉၈၂ ခုနှစ်၊ မတ်လ နော်ဝေးနိုင်ငံ (Norway) ၏ အေးစက်လှသော ဆောင်းရာသီအချိန်ကိုရိုက်ကူးထားတာဖြစ်ပြီး အမေရိကန်လူမျိုး ကောင်လေးသုံးယောက်ဖြစ်သော Devin, Syd နှင့် Jamie တို့သည် နော်ဝေးရှိ Vargøy ကျွန်းသို့ အပန်းဖြေခရီး လာရောက်လည်ပတ်ကြပါတယ်။ ကောင်လေးသုံးယောက်သည် တောင်ထိပ်သို့ ရှုခင်းကြည့်ရန်အတွက် ကေဘယ်ကား (Cable Car) မောင်းနှင်သူ Øyvind ကို အတင်းအကျပ် တောင်းဆိုပြီး တောင်ပေါ်သို့ တက်ခဲ့ကြပြီ' လမ်းခရီးတွင် သူတို့အားလုံးသည် The Clash အဖွဲ့၏ သီချင်းများကို ပျော်ပျော်ပါးပါး သီဆိုရင်း တောင်ပေါ်သို့ တက်လှမ်းခဲ့ကြတယ်။ ဒါပေမဲ့ သူတို့တောင်ပေါ်တက်နေစဉ် ကောင်းကင်တွင် ထူးဆန်းသော ဂြိုဟ်များ တန်းစီခြင်း (Planetary Alignment) နှင့် အလင်းတန်းများ ဖြစ်ပေါ်လာပြီး တစ်မြို့လုံး လျှပ်စစ်မီးများ ပြတ်တောက်သွားသည်။ ထိုအချိန်တွင် ကေဘယ်ကား မောင်းနှင်သူ Øyvind သည် ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးသွားကာ ကောင်လေးသုံးယောက်သည် မြေပြင်မှ ပေပေါင်းများစွာအကွာ၊ ကောင်းကင်ယံရှိ ကေဘယ်ကားလေးထဲတွင် အလောင်းတစ်ခုနှင့်အတူ ပိတ်မိသွားကြပါတော့တယ်။ အစားအစာမရှိ၊ အပူပေးစက်မရှိဘဲ အလွန်အေးမြသော ရာသီဥတုတွင် သူတို့ သုံးယောက် ရှင်သန်နိုင်ရန် ကြိုးစားကြပြီး သူတို့ မည်သို့လွတ်မြောက်ခဲ့သလဲ၊ မည်သူတွေ အသက်ရှင်ကျန်ရစ်ခဲ့သလဲ ဆိုသည်ကို စိတ်လှုပ်ရှားဖွယ် တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း