Dolly
"Dolly" (၂၀၂၆) ကတော့ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ကမှ ရုံတင်သွားတဲ့ Slasher Horror ဇာတ်ကားသစ်လေးပါ။ "Texas Chainsaw Massacre" လိုမျိုး ၇၀ ပြည့်လွန်နှစ်တွေက ဂန္ထဝင် Horror ကားတွေရဲ့ အငွေ့အသက်တွေ ပါဝင်ပြီး ဒါရိုက်တာ Rod Blackhurst က ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက Macy နဲ့ သူ့ကို လက်ထပ်ခွင့်တောင်းဖို့ ရည်ရွယ်ထားတဲ့ ချစ်သူကောင်လေး Chase တို့ တောထဲကို တောင်တက်ခရီး ထွက်ကြရာကနေ စပါတယ်။ တောထဲရောက်တဲ့အခါမှာတော့ သူတို့နှစ်ယောက်ဟာ မထင်မှတ်ဘဲ ကြွေရုပ် (Porcelain Doll) မျက်နှာဖုံးစွပ်ထားတဲ့ ခန္ဓာကိုယ်ထွားကျိုင်းကျိုင်းနဲ့ ကြောက်စရာကောင်းတဲ့ လူသတ်သမားကြီး "Dolly" နဲ့ သွားဆုံပါတော့တယ်။ Dolly ဟာ သာမန် လူသတ်သမား မဟုတ်ဘဲ စိတ်ရောဂါအခြေအနေ တစ်ခုကြောင့် သူ ဖမ်းလာတဲ့ အရွယ်ရောက်ပြီးသား လူတွေကို ကလေးလေးတွေလို သဘောထားပြီး ပြုစုပျိုးထောင်ချင်နေတဲ့သူပါ။ သူက Chase ကို ရက်ရက်စက်စက် တိုက်ခိုက်ပြီးတဲ့နောက် Macy ကို ပြန်ပေးဆွဲသွားပါတော့တယ်။ Macy တစ်ယောက် သတိရလာတဲ့အခါမှာတော့ သူ့ကိုယ်သူ ကလေးပုခက်ထဲ ရောက်နေတာကို ထိတ်လန့်ဖွယ်ရာ တွေ့လိုက်ရပါတယ်။ အဲ့ဒီအချိန်ကစပြီး Dolly ဟာ Macy ကို သေးခံတွေ ဝတ်ပေးတာ၊ အတင်းအကျပ် အစာကျွေးတာမျိုးတွေလုပ်ပြီး ကလေးတစ်ယောက်လို ဆက်ဆံပါတော့တယ်။ Macy အနေနဲ့ အသက်ရှင်ဖို့အတွက် Dolly ရဲ့ စိတ်တိုင်းကျ ကလေးလေးတစ်ယောက်လို ဟန်ဆောင်ပြီး ဒီလို ကြောက်စရာကောင်းတဲ့ အိမ်ကြီးထဲကနေ ဘယ်လို လွတ်မြောက်အောင် ကြိုးစားမလဲဆိုတာကို အသည်းယားစရာ အခန်းတွေနဲ့အတူ ရင်တမမ ကြည့်ရှုရမယ့် ကားမျိုး ဖြစ်ပါတယ်ဗျ။ ဒီကားက သွေးထွက်သံယို အခန်းတွေ၊ နှိပ်စက်တဲ့ အခန်းတွေ ခပ်ကြမ်းကြမ်း ပါဝင်ပါတယ်
ဇာတ်လမ်းအကြောင်း