Everybody Loves Me When I'm Dead
အခုတစ်ခေါက် ဇာတ်ကားလေးကတော့ ''Everybody Loves Me When Im Dead" ဆိုတဲ့ ထိုင်းဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းက ဘဏ်မန်နေဂျာတစ်ယောက်က သေဆုံးသွားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဏ်အကောင့်ထဲက အသုံးမပြုဘဲ ကျန်နေတဲ့ ငွေတွေကို ခိုးယူဖို့ ကြံစည်ရာကနေ စတင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီငွေနောက်ကွယ်မှာ မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တွေ လူမိုက်ဂိုဏ်းတွေနဲ့ ရှုပ်ထွေးတဲ့ လူမှုရေးပြဿနာတွေ ပါဝင်နေတာကို သူ သိလိုက်ရတဲ့အခါမှာတော့ အခြေအနေတွေက ထိန်းမနိုင်သိမ်းမရ ဖြစ်လာပါတော့တယ်။ လူတွေဟာ အတောမသတ်နိုင်တဲ့ လောဘနောက်ကိုလိုက်ရင်း အမှားတွေ ထပ်ဆင့်ပြီး ကျူးလွန်မိတတ်ကြပါတယ် ဒီကားမှာ သမီးရဲ့ပညာရေးအတွက် လောဘနောက်ကို လိုက်မိတဲ့ အမှောင်ဖုံးနေတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာကို ရင်နင့်စဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ငွေကြေး လောဘနဲ့ လူ့ကျင့်ဝတ်တွေအကြားက ပဋိပက္ခကို Thriller ပုံစံနဲ့ ကြည့်ချင်သူတွေအတွက် အလှည့်အပြောင်းလေးတွေလည်း ပါဝင်တာကြောင့် အချိန်ပေးပြီး ကြည့်ရကျိုးနပ်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း