ဇာတ်ကားများ ရွေးရန်

The Rookies

2019ဇာတ်ကားအမှတ် 4/10Blu-ray 1080p

ဒီတစ်ခေါက် M Sub Movie Channel ကနေ တင်ဆက်ပေးချင်တာကတော့ အန္တရာယ်ကြားကနေ သူရဲကောင်းဆန်ဆန် ကယ်တင်မှုတွေနဲ့ စတင်ခဲ့ပြီးအထူးအေးဂျင့်တစ်ဦးဖြစ်တဲ့ မြောင်မြောင် ဟာ သူမရဲ့ တာဝန်တွေကို ပြောင်မြောက်စွာ ထမ်းဆောင်နိုင်ခဲ့ပေမဲ့ အထက်လူကြီးတွေရဲ့ ကိုယ်ကျိုးစွန့် အမြတ်ထုတ်လိုမှုတွေနဲ့ စာရင်းဇယား ကိန်းဂဏန်းတွေကြားမှာ စိတ်ပျက်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ တည်ငြိမ်တဲ့ အစိုးရဝန်ထမ်းလစာထက် မိမိယုံကြည်ရာ လွတ်လပ်တဲ့ လမ်းစဉ်ကို ရွေးချယ်ပြီး အလုပ်ထွက်ကာ စွန့်စားခန်းအသစ်တစ်ခုကို စတင်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။ ဒါပေမဲ့ သူမ ရှေ့ဆက်ရမယ့်လမ်းက ထင်သလောက် မချောမွေ့ခဲ့ပါဘူး။ သူမ ပူးပေါင်းလိုက်တဲ့ Phantom အဖွဲ့ဟာ အေးဂျင့်ဟောင်းတွေရဲ့ ပင်စင်လစာတွေ ပေးချေလိုက်ရလို့ ဒေဝါလီခံထားရတဲ့ အခြေအနေဖြစ်နေပါတယ်။ ဆိုလိုတာကတော့ သူမဟာ လစာမရတဲ့ စေတနာ့ဝန်ထမ်းအဖြစ်နဲ့ပဲ အန္တရာယ်ကြီးမားလှတဲ့ တာဝန်တွေကို ထမ်းဆောင်ရတော့မှာပါ။ ဒါပေမဲ့လည်း သူမရဲ့ သူငယ်ချင်း ဖုန်း ရဲ့ အသက်ပေးစတေးမှုတွေ အလကားမဖြစ်စေဖို့အတွက် ဒီခက်ခဲတဲ့ ခရီးကို နောက်မဆုတ်တမ်း ဆက်လျှောက်ဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ခဲ့ပါတယ်။ ဇာတ်ရှိန်မြင့်လာတာနဲ့အမျှ အဆင့်မြင့်နည်းပညာတွေ၊ အသက်ရှူမှားလောက်တဲ့ အက်ရှင်ခန်းတွေနဲ့အတူ တရုတ်အပ်စိုက်ကုထုံးရဲ့ ထူးခြားတဲ့ စွမ်းပကားတွေကိုပါ မြင်တွေ့ရမှာပါ။ "Phantom သူရဲကောင်းအဖွဲ့ထဲ ရောက်လာပြီဆိုရင် နောက်ဆုတ်လို့ မရတော့ဘူး" ဆိုတဲ့ စည်းကမ်းအတိုင်း ရန်သူတွေကို ဘယ်လိုအကြိတ်အနယ် ရင်ဆိုင်သွားမလဲဆိုတာကတော့ ရင်ခုန်စရာပါပဲ။ အက်ရှင်ကားကောင်းမှ ကြည့်ချင်တဲ့ ပရိသတ်တွေအတွက် ဇာတ်သိမ်းပိုင်းအထိ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို ဘာသာပြန်သူနဲ့ အညွှန်းရေးသားသူကတော့ Mike ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း