Dance Flick
* Movie Request ထဲက ဇာတ်ကားဖြစ်ပါသည်။ ဒီတစ်ခါတော့ အကနဲ့ဟာသ ပေါင်းစပ်ထားတဲ့ ပေါ့ပေါ့ပါးပါး ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် အကြိုက်တွေ့မှာ သေချာတဲ့ဇာတ်ကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ အကကို ချစ်မြတ်နိုးတဲ့ လူငယ်လေးတွေက မတူညီတဲ့နောက်ခံအခြေအနေတွေ၊ ပြိုင်ဆိုင်မှုတွေကြားမှာ သူ့တို့ရဲ့အိပ်မက်ဆီကိုရောက်ရှိဖို့ ကြိုးစားသွားတဲ့ journey ကို အခြေခံထားတာပါပဲ။ ဒါ့အပြင် အကပြိုင်ပွဲတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ လူငယ်တွေကြား ပြိုင်ဆိုင်မှုတွေအပြင် အရေးကြုံရင် ရိုင်းပင်းတတ်တဲ့ သူငယ်ချင်းကောင်းစိတ်ဓာတ်လေးတွေကိုပါ ပေါ်လွင်အောင်ရိုက်ပြထားပါသေးတယ်။ ဒီဇာတ်ကားမှာ အကအမျိုးမျိုးကို energetic ဆန်ဆန် ပြသထားပြီးတော့ music နဲ့ choreography တွေကအလန်းစားတွေပါတဲ့အပြင် ဟာသဇာတ်ကွက်လေးတွေကအပြည့်မို့လို့ ရယ်ရယ်မောမောကြည့်ရင်းနဲ့ ကြည့်ရတာ တန်စေမယ့်ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ။ဆိုတော့ အဆုံးသတ်မှာရော ပျော်ပျော်ရွှင်ရွှင်လေးနဲ့ပဲ အဆုံးသတ်သွားမလား...သူတို့ရဲ့အိပ်မက်တွေကရော တကယ်ပြည့်ဝပါ့မလားဆိုတာ အတူလိုက်ပါစီးမြောရင်း စိတ်ဝင်တစားကြည့်လိုက်ကြရအောင်နော်။
ဇာတ်လမ်းအကြောင်း